1 ပတ် - ဘာသာပြန်ပါ။

ရော်ဘာ တစ်ဧက ပေါင်(၁၀၀၀) နှင့် အထက်ထွက်ရှိရေး စီမံချက်ရေးဆွဲဆောင်ရွက်နေ

ရော်ဘာ စိုက်ပျိုးဧကများတွင် ပန်းတိုင်အထွက်နှုန်း တိုးတ က်မြင့်မားရေးအတွက် တစ်ဧက ပေါင်(၁၀၀၀) နှင့် အထက်ထွက်ရှိရေး စီမံချက်ရေးဆွဲဆောင်ရွက်နေကြောင်း စိုက်ပျိုး ရေးဦးစီးဌာန(ရုံးချုပ်) နှစ်ရှည်သီးနှံဌာနခွဲက သိရသည်။

မြန်မာနိုင်ငံ၌ ရော်ဘာ သီးနှံစိုက်ဧက (၁.၆) သန်းဝန်းကျင်ရှိပြီး တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် အဓိက စိုက်ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။

အထွက်နှုန်းတိုးရန် သုတေသနပြုရေးဆွဲထားသည့်နည်းလ မ်းများရှိပြီး သက်တမ်းလွန်ပင်အိုများကို ခုတ်လှဲပြီး မျိုးကောင်းမျိုးသန့်များ ပြန်လည်အစားထိုးရွေးချယ်စိုက်ပျိုးသွားမည်ဆိုပါက အထွက်နှုန်းပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနရုံးချပ် နှစ်ရှည်သီးနှံဌာနခွဲ ညွှန်ကြားရေးမှုး ဒေါက်တာမြတ်သူက နိုင်ငံပိုင်သတင်းစာက တဆင့်ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍာ၌ ၂၀၀၀ ခုနှစ်ကစတင်ပြီး ပိုမိုရင်းနှီးမြုပ်နှံလာခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရော်ဘာတန် (၃၄၆၇၇၀) ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်ပသို့ တန်(၂၉၉၆၄၀)တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းထုတ်လုပ်မှု၏ (၈၆) ရာခိုင်နှုန်းကို ပြည်ပသို့တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၄၈၁.၀၄၂ သန်း)ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တစ်ဧက ပျှမ်းမျှအထွက်နှုန်း(၇၂၇ ဒဿမ ၄၉) ပေါ င်ထွက်ရှိရာမှ ပေါင်(၁၀၀၀)နှင့်ထွက်ထိ ပန်းတိုင်းအထွက်နှု န်းရရှိရန် ဆောင်ရွက်နေပြီး ပြည်ပတင်ပို့မှု အမေရိကန်ဒေါ် လာ တစ်ဘီလီယံ ရရှိနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြော င်း သိရသည်။

image