အပြာရောင် ဝေလငါးတွေဟာ ကမ္ဘာပေါ်က သတ္တဝါတွေထဲမှာ အကြီးမားဆုံးသော သတ္တဝါတွေဖြစ်ကြပြီး သူတို့ရဲ့လျှာဟာ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားလွန်းလှပါတယ်
ခန့်မှန်းခြေကီလိုဂရမ် ၂,၇၀၀ (ပေါင် ၆,၀၀၀ ခန့်) အထိလေးတဲ့ သူတို့ရဲ့လျှာဟာ အရွယ်ရောက်ပြီးသား လူ ၃၀၊ ၄၀ ခန့်ရဲ့ အလေးချိန်နှင့် ညီမျှပါတယ်
ဒါကြောင်း တိရစ္ဆာန်လောကထဲမှာ အပြာရောင်ဝေလငါးတွေရဲ့ လျှာကတော့ အလေးဆုံးသော ကိုယ်ခန္ဓာအစိတ်အပိုင်း တခုဖြစ်ပါတယ်
လျှာကို အဓိကအသုံးပြုခြင်းအားဖြင့် အစာစားလေ့ရှိတတ်ကြတဲ့ ဒီဝေလငါးတွေဟာ ပုဇွန်လေးတွေနှင့်တူတဲ့ ‘ကရီးလ်' ခေါ် သတ္တဝါငယ်လေးများကို အများအားဖြင့် စားသုံးကြပါတယ်
ကရီးလ်များပါဝင်တဲ့ ရေပမာဏအမြောက်အမြားကို မျိုချနိုင်ရန်အတွက် သူတို့ရဲ့ကြီးမားတဲ့လျှာနှင့်အတူ ပါးစပ်အတွင်းရှိ 'ဘေးလီးယင်' လိုခေါ်တဲ့ အရိုးပြားများအား အသုံးပြုခြင်းဖြင့် ရေကိုပြန်လည်စစ်ထုတ်လိုက်ပါတယ်
ကရီးလ်များကို ထပ်ခါထပ်ခါမျိုချရင်း သာမန်အပြာရောင်ဝေလငါးကြီးတစ်ကောင်ဟာ တစ်ရက်လျှင် ကရီးလ်တန်ချိန် ၄ တန်အထိ စားသုံးနိုင်ကြပါတယ်