ဝဥအပင်မှ သီးသည့် ရွက်သီးအကြောင်း
=============================
မိမိသည်မြန်မာပြည်အနှံ့ဝဥစိုက်ပျိုးရေးနည်းပညာများကို မျှဝေပေးနေသူ တစ်ဦးဖြစ်၏
မိမိရောက်ရှိရာဒေသတိုင်းတွင် အမေးအများဆုံးမေးခွန်းမှာ တစ်ဧကစိုက်လျှင်ဝဥပိဿာချိန်ဘယ်လောက်ရပါသလဲ??
မိမိအါး မမေးသောမေးခွန်းမှာတစ်ဧကစိုက်လျှင်
ဝဥပင်မှရွက်သီးဘယ်နှစ်ပိဿာရလဲ??
ဆိုလိုသည်မှာ ဝဥစိုက်ပျိုးရန်စိတ်ပါဝင်စားသူအများစုသည် ဝဥပင်အရွက်မှသီးသည့်အသီးတန်ဖိုးကိုမေ့လျှော့ထားကြပုံရ၏
ဖူးတန်စေ့မှစိုက်သောစိုက်ခင်းမှလည်းရွက်သီးရ၏
ရွက်သီးကိုစိုက်သောစိုက်ခင်းမှလည်းရွက်သီးရ၏
မျိုးဥမှစိုက်သောစိုက်ခင်းမှလည်းရွက်သီးရ၏
သို့သော် မျိုးဝမှစိုက်သောစိုက်ခင်းသည်အပင်ကြီးထွား၍ ရွက်သီးအကြီးအများအပြားရ၏
မျိုးဥစိုက်ခင်းတစ်ဧကတွင်ဥအရည်အတွက်ကိုတစ်သောင်းမှ တစ်သောင်းနှစ်ထောင်ကြားစိုက်သဖြင့်
အပင်အရည်အတွက်တစ်သောင်းကျော်ပေါက်၏
ထိုသို့စိုက်ပျိုးရာတွင်
ဝဥပန်းရောင်မျိုးကိုဖြစ်စေ
ဝဥအဝါရောင်မျိုးကိုဖြစ်စေ
ထိုအရည်အတွက်အတိုင်းစိုက်ပျိုးကြ၍ရ၏
ပန်းရောင်မျိုးဝဥပင်တစ်ပင်မှရွက်သီးသည်
ငါးကျပ်သားမှ တစ်ဆယ်သားခန့်ရ၍
တစ်ပင်မှ ပျမ်းမျှရွက်သီးခုနှစ်ကျပ်သားခန့်ရရှိ၏