သံပရာ၊ ဂျင်း၊ သခွားသီး၊ ပူဒီနာ Detox ရေ ကျန်းမာရေးအတွက် လွယ်ကူစွာ သောက်သုံးနိုင်တဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပြီး ဝမ်းဗိုက်ချပ်ရပ်စေကာ အသားအရေကြည်လင်စေပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။ 💁♀️
✨ ပါဝင်ပစ္စည်းများ......
* သခွားသီး ၁/၂ လုံး (အကွင်းလိုက် ပါးပါးလှီးပါ) 🥒
* သံပရာသီး ၁ လုံး (ပါးပါးလှီးပါ) 🍋
* ပူဒီနာရွက် အစိမ်း ၁၀ ရွက် 🌿
* ဂျင်း အစိမ်း ၃-၄ ပြား (ဇီဝြဖစ်ပျက်မှုကို လှုံ့ဆော်ပေးရန်) 🫚
* ရေအေး ၁-၁.၅ လီတာ 💧
* ရေခဲ (နှစ်သက်သလို ထည့်နိုင်ပါသည်) 🧊
🥣 ပြုလုပ်နည်း
သခွားသီး၊ သံပရာသီး၊ ပူဒီနာရွက် နှင့် ဂျင်းတို့ကို ရေဘူး သို့မဟုတ် အိုးထဲသို့ ထည့်ပါ။
ရေအေးအပြည့်ဖြည့်ပြီး ရေခဲသေတ္တာထဲတွင် ၂-၃ နာရီခန့် အအေးခံပါ။
ဖန်ခွက်ထဲသို့ လောင်းထည့်ပြီး ရေခဲထည့်ကာ တစ်နေကုန် သောက်သုံးနိုင်ပါသည်။
(ရေခဲသေတ္တာမရှိရင် အပြင်မှာဒီတိုင်းထားလဲ ရသည်။)
✅ Detox ရေရဲ့ အကျိုးကျေးဇူးများ....
ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးပြီး အသားအရေ ရောင်ရမ်းခြင်းကို လျှော့ချပေးသည်။ 🌟
ဗီတာမင်စီများပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ကာ အသားအရေကို ကြည်လင်တောက်ပစေသည်။ 🧡
အစာချေဖျက်မှုကို အထောက်အကူပြုပြီး အစာမကြေ လေပွခြင်းကို လျှော့ချကာ ဝမ်းဗိုက်ချပ်စေသည်။ 🌈
ကယ်လိုရီ နည်းပါးသောကြောင့် အချိုရည်အစား သောက်သုံးနိုင်ပြီး သက်တောင့်သက်သာ ကိုယ်အလေးချိန်ကျစေသည်။ 🍹
အညစ်အကြေးနှင့် ဆိုဒီယမ်ဓာတ်ကို ဖယ်ရှားပေးပြီး Detox အာနိသင်ရှိသည်။ 💚
ရောင်ရမ်းမှုကို လျှော့ချပေးပြီး အသားအရေကို ကြည်လင်ကျန်းမာစေသည်။ 🌷
ခန္ဓာကိုယ်ကို သန်မာစေပြီး ရောဂါများကို ကာကွယ်ပေးသည်။
☕️ ဒီဖျော်ရည်ကို နေ့စဉ် ပုံမှန်သောက်သုံးပေးခြင်းဖြင့် ဝမ်းဗိုက်ချပ်၊ အသားအရေကြည်လင်ပြီး လန်းဆန်းစေကာ အစားအသောက် အလွန်အကျွံ ရှောင်စရာမလိုပါဘူးရှင်။