သံပရာ၊ ဂျင်း၊ သခွားသီး၊ ပူဒီနာ Detox ရေ ကျန်းမာရေးအတွက် လွယ်ကူစွာ သောက်သုံးနိုင်တဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပြီး ဝမ်းဗိုက်ချပ်ရပ်စေကာ အသားအရေကြည်လင်စေပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။ ​💁‍♀️
​✨ ပါဝင်ပစ္စည်းများ......
* ​သခွားသီး ၁/၂ လုံး (အကွင်းလိုက် ပါးပါးလှီးပါ) 🥒
* ​သံပရာသီး ၁ လုံး (ပါးပါးလှီးပါ) 🍋
* ​ပူဒီနာရွက် အစိမ်း ၁၀ ရွက် 🌿
* ​ဂျင်း အစိမ်း ၃-၄ ပြား (ဇီဝြဖစ်ပျက်မှုကို လှုံ့ဆော်ပေးရန်) 🫚
* ​ရေအေး ၁-၁.၅ လီတာ 💧
* ​ရေခဲ (နှစ်သက်သလို ထည့်နိုင်ပါသည်) 🧊
​🥣 ပြုလုပ်နည်း
​သခွားသီး၊ သံပရာသီး၊ ပူဒီနာရွက် နှင့် ဂျင်းတို့ကို ရေဘူး သို့မဟုတ် အိုးထဲသို့ ထည့်ပါ။
​ရေအေးအပြည့်ဖြည့်ပြီး ရေခဲသေတ္တာထဲတွင် ၂-၃ နာရီခန့် အအေးခံပါ။
​ဖန်ခွက်ထဲသို့ လောင်းထည့်ပြီး ရေခဲထည့်ကာ တစ်နေကုန် သောက်သုံးနိုင်ပါသည်။
(ရေခဲသေတ္တာမရှိရင် အပြင်မှာဒီတိုင်းထားလဲ ရသည်။)
​✅ Detox ရေရဲ့ အကျိုးကျေးဇူးများ....
​ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးပြီး အသားအရေ ရောင်ရမ်းခြင်းကို လျှော့ချပေးသည်။ 🌟
​ဗီတာမင်စီများပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ကာ အသားအရေကို ကြည်လင်တောက်ပစေသည်။ 🧡
​အစာချေဖျက်မှုကို အထောက်အကူပြုပြီး အစာမကြေ လေပွခြင်းကို လျှော့ချကာ ဝမ်းဗိုက်ချပ်စေသည်။ 🌈
​ကယ်လိုရီ နည်းပါးသောကြောင့် အချိုရည်အစား သောက်သုံးနိုင်ပြီး သက်တောင့်သက်သာ ကိုယ်အလေးချိန်ကျစေသည်။ 🍹
​အညစ်အကြေးနှင့် ဆိုဒီယမ်ဓာတ်ကို ဖယ်ရှားပေးပြီး Detox အာနိသင်ရှိသည်။ 💚
​ရောင်ရမ်းမှုကို လျှော့ချပေးပြီး အသားအရေကို ကြည်လင်ကျန်းမာစေသည်။ 🌷
​ခန္ဓာကိုယ်ကို သန်မာစေပြီး ရောဂါများကို ကာကွယ်ပေးသည်။
​☕️ ဒီဖျော်ရည်ကို နေ့စဉ် ပုံမှန်သောက်သုံးပေးခြင်းဖြင့် ဝမ်းဗိုက်ချပ်၊ အသားအရေကြည်လင်ပြီး လန်းဆန်းစေကာ အစားအသောက် အလွန်အကျွံ ရှောင်စရာမလိုပါဘူးရှင်။

image