15 ပတ် - ဘာသာပြန်ပါ။

ရွှေဘို - မန္တလေး လမ်းပိုင်းကို အောက်တိုဘာ ၂၄ ရက်မှစပြီး ပြန်ဖွင့်ဖွယ်ရှိဟုဆို

အောက်တိုဘာ ၂၀

မန္တလေး - မြစ်ကြီးနား ခရီးစဉ်ရဲ့ အဓိက အခက်အခဲရှိနေတဲ့ ရွှေဘို - မန္တလေး လမ်းပိုင်းနဲ့ ပတ်သက်ပြီး
ဒေသတွင်း သတင်း​တွေအရ အောက်တိုဘာ ၂၄ ရက်မှ စတင်ကာ ရွှေဘို - လှတော - ဆားတောင် - အုန်းတော လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ပေးတော့မယ့် သတင်း​တွေ ကြားသိနေရတယ်လို့ ယာဉ်မောင်း​တွေဆီက သိရပါတယ်။

လတ်တ​လောမှာ ရွှေဘိုမှ မန္တလေးကို ခရီးစဉ်အတွက် နှစ်ည ၊ သုံးညအထိ အချိန်ယူ ပတ်မောင်းနေရတဲ့ ယာဉ်မောင်း​တွေ အနေနဲ့ ဒီလမ်းပိုင်းသာ တကယ်တမ်း ပြန်လည်ပွင့်သွားပါက ဝမ်းသာဖွယ် ဖြစ်ပြီး ခရီးစဉ်အတွက် အချိန်နဲ့ ကုန်ကျစရိတ်​တွေ များစွာ သက်သာသွားမှာ ဖြစ်တယ်လို့ မျှော်လင့်နေကြပါတယ်။

လမ်းကြောင်း​တွေ ပြန်လည်ပွင့်လင်းလာဖို့ ရှိမရှိကို ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်​ပေမယ့် အခုသတင်းက ကုန်စည်စီးဆင်းမှု ပြန်လည်ကောင်းမွန်ဖို့အတွက် အရေးပါတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်လာဖွယ်ရှိတယ်လို့ ​ဒေသခံ​တွေက သုံးသပ်​နေကြပါတယ်။
မန္တလေး - မြစ်ကြီးနား ကားလမ်းမကြီးရဲ့ အဓိက လမ်းပိုင်းဖြစ်တဲ့ ရွှေဘို - စစ်ကိုင်း ကြား လမ်းပိုင်းတို့မှာ အခက်အခဲ​တွေ ဆက်လက်ကြီးမားနေဆဲဖြစ်ပြီး ယာဉ်မောင်း​တွေမှာ ခရီးစဉ်အတွက် အချိန်များစွာပေးဆပ်နေရပါတယ်။

လမ်းပိတ်ဆို့မှု အခြေအနေက မြစ်ကြီးနား - ရွှေဘို လမ်းပိုင်းဟာ ပုံမှန်အတိုင်း ကောင်းမွန်နေဆဲဖြစ်​ပေမယ့် ရွှေဘို - စစ်ကိုင်း ကြားရှိ အဓိက လမ်းပိုင်း​တွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားဆဲ ဖြစ်ပါတယ်။

လတ်တ​လော ယာဉ်တွေလာနေတဲ့ လမ်းကြောင်း​တွေမှာ ရွှေဘို - ဆိပ်ခွန် - မူးကမ်းကြီး - ဘုတလင် - မုံရွာ - ညောင်ပင်ဝန်း - အုန်းတောလမ်းခွဲ လမ်းပိုင်းကို အတက်အဆင်း တလှည့်ဆီ တဖြတ်တဖြတ် လမ်းပွင့်တဲ့အတိုင်း သွားလာနေရပြီး တချို့ယာဉ်​တွေက ခရီးစဉ်ပြီးဆုံးဖို့အတွက် ရွာလမ်း​တွေကိုဝေ့ဝိုက်ကာ အသုံးပြုနေရတာ​ကြောင့် ခရီးစဉ်ကြာချိန် သုံးဆကျော်ရှိကာ လမ်းပိတ်ဆို့မှုနဲ့ ရှောင်ကွင်းပတ်လမ်း​တွေကြောင့် ပုံမှန် နာရီပိုင်းအတွင်း သွားနိုင်တဲ့ ရွှေဘို - စစ်ကိုင်း ခရီးဟာ နှစ်ညအိပ် သုံးညအိပ်အထိ ကြာမြင့်နေတယ်လို့ သိရပါတယ်။

imageimage