ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးအသင်း အုပ်စု(ခ)တွင် ချန်ပီယံအသင်းများဖြင့်ကျရောက်နေ
ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်အုပ်စု (ခ) တွင် လက်ရှိ ချန်ပီယံအသင်းများဖြင့်ကျရောက်နေသည်။
ယမန်နေ့က ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အုပ်စုမဲခွဲပွဲတွင် မြန်မာအသင်းမှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နှင့် အတူကျရောက်ခဲ့ခြင်းဖြစ်သည်။
အိမ်ရှင်ထိုင်းအသင်းမှာ ကမ္ဘောဒီးယား၊စင်ကာပူ၊အင်ဒိုနီးရှားတို့နှင့်အတူ အုပ်စု (က)တွင် ကျရောက်နေသည်။
လက်ရှိဆီးဂိမ်းစ် ပြိုင်ပွဲအတွက်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှုအနေဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ် သည်။
(၃၃) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပွဲစဉ်များကို ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့တွင် ဒီဇင်ဘာအစောပိုင်း၌ ကျင်းပသွားမည်ဖြစ်သည်ဟု အဖွဲ့ချုပ်၏ အသိပေးချက်အရ သိရသည်။