မိသားစုဝင်များက ပြန်ပေးကြေးပေးရန် မတတ်နိုင်မှုကြောင့် ပြန်ပေးသမားလက်မှာ အသတ်ခံလိုက်ရတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ပါရမီရှင်
=========================

ဆီနီဂေါမှ ပါရမီရှင်လူငယ်ကစားသမားတစ်ဦးဟာ ပြန်ပေးဆွဲခံရပြီးနောက် မိသားစုဝင်များဘက်က ပြန်ပေးကြေးပေးရန် ငွေကြေး အလုံအလောက် မရှိမှုနှင့်အတူ အသတ်ခံလိုက်ရပါတယ်။

ဆီနီဂေါဘောလုံးအသိုင်းအဝိုင်းဟာ အသက် ၁၈ နှစ်အရွယ်ရှိ လူငယ်ကစားသမားရဲ့ အဖြစ်ဆိုးကို သိရပြီးနောက် အကြီးအကျယ် ဝမ်းနည်းကြေကွဲနေကြပါတယ်။

The Ministry of African Integration and Foreign Affairs of Senegal က အသက်မဲ့နေတဲ့ လူငယ်ဂိုးသမားရဲ့ရုပ်အလောင်းကို ဂါနာတွင် တွေ့ရှိရကြောင်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

ချိတ်တိုရေးဟာ Esprit Foot Yeumbeul မှာ လေ့ကျင့်နေသူ ဖြစ်ပါတယ်။ ပြန်ပေးသမားများက ချိတ်ကို ပရော်ဖက်ရင်နယ်ကလပ်တစ်ခုသို့ ပြောင်းရေး စမ်းသပ်လေ့ကျင့်ခန်းရေး လုပ်ဆောင်ပေးမယ်လို့ လှည့်စားခေါ်ဆောင်ကာ ပြန်ပေးဆွဲခဲ့တာလည်း ဖြစ်ပါတယ်။

လက်နက်ကိုင် ပြန်ပေးသမားတို့ဟာ ချိတ်တိုရေးကိ ပြန်ပေးဆွဲပြီးနောက် ပြန်လွှတ်စေချင် ငွေပေးရမယ်ဆိုပြီး မိသားစုဝင်များထံ ငွေညှစ်လာပါတယ်။

ဒါပေမယ့် ကံဆိုးစွာပင် မိသားစုဝင်များမှာ ပြန်ပေးကြေးငွေပေးဖို့ မတတ်နိုင်ရာ ပြန်ပေးသမားများမှာ လူမဆန်စွာပင် လူငယ်ဂိုးသမားလေးအား သတ်လိုက်ပါတယ်။

လက်ရှိအချိန်တွင် ဆီနီဂေါအာဏာပိုင်များက ရိတ်တိုရေး ပြန်ပေးဆွဲ အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဂါနာရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးနေပါတယ်။

image