ပြင်သစ်လူဗာပြတိုက်မှသရဖူရတနာများ (၄)မိနစ်အတွင်းဖောက်ထွင်းခံရ
တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံမှ လူလာရောက်မှုအများဆုံး လူဗာပြတိုက်မှာ သူခိုးတွေက ဝန်ချီစက်ဖြင့် ပြတိုက်မျက်နှာစာကိုတက်ပြီး ပြတင်းပေါက်မှ ဖောက်ထွင်းဝင်ရောက်ကာ အဖိုးမဖြတ်နိုင်တဲ့ နပိုလီယံကျောက်မျက်ရတနာများ ခိုးယူထွက်ပြေးသွားကြောင်း တာဝန်ရှိသူများ ပြောပါတယ်။
နေ့ခင်းဘက် ဧည့်သည်တွေ ရှိနေချိန်မှာပဲ ပြတိုက်ဖွင့်ပြီး မိနစ် ၃၀ ခန့်အကြာမှာ ဖောက်ထွင်းခဲ့တာဖြစ်ကာ နာမည်အကြီးဆုံးပြတိုက် ဖောက်ထွင်းမှုတွေထဲ ပါဝင်သွားပါတယ်။
ဝန်ထမ်းအင်အား နည်းပါးနေပြီး ဧည့်သည်တွေနဲ့ ကြပ်ညပ်နေချိန်မှာ လုံခြုံရေးအခက်အခဲရှိနေခဲ့တယ်လို့ ရှင်းပြထားပါတယ်။
မိုနာလီဆာပန်းချီကားဆီကနေ မီတာ ၂၅၀ အကွာလောက်မှာ ခိုးယူခဲ့ကြတာဖြစ်ပြီး ဒါဟာ ပရော်ဖက်ရှင်နယ်ကျတဲ့ ၄ မိနစ်တာ ဖောက်ထွင်းရေးအဖြစ် ယဉ်ကျေးမှုဝန်ကြီး ရေချီဒါဒါတီက သတ်မှတ်လိုက်ပါတယ်။
သူခိုးတွေက ပစ္စည်းစင်နှစ်ခုကို ရိုက်ခွဲခဲ့ကာ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားကြပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။