လေဖြတ်ကာ ဆေးရုံတက်နေရတဲ့ ရီးရဲလ်မက်ဒရစ်နှင့် အဲဗာတန်တောင်ပံကစားသမားဟောင်းဒရန်သီ
====================
ရီးရဲလ်မက်ဒရစ်နှင့် အဲဗာတန်တောင်ပံကစားသမားဟောင်းရွိုင်စတုန်းဒရင်သီဟာ လေဖြတ်ကာ ဆေးရုံတက်ရောက်ကုသခံနေရပါတယ်။
အသက် ၃၈ နှစ်ရှိ ဒရင်သီဟာ သောကြာနေ့တုန်းက လေဖြတ်ဝေဒနာခံစားရပြီးနောက် ဆေးရုံတက်ရောက်နေရတာလည်း ဖြစ်ပါတယ်။
အထက်ပါသတင်းကို ဒရန်သီအပါအဝင် ဘောလုံးကစားသမားဟောင်းများအတွက် အလုပ်လုပ်ပေးနေတဲ့ အေဂျင်စီ FC de Rebellen က ကြေညာသွားတာလည်း ဖြစ်ပါတယ်။
ဒရင်သီဟာ ဖီယင်နုတွင် ကစားသမားဘဝ စတင်ပြီးနောက် ၂၀၀၇ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းကစားခွင့်ရခဲ့ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်နှင့်အတူ လာလီဂါဖလား ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ၂၀၁၁-၁၂ ရာသီမှာ အဲဗာတန်သို့ အငှားဖြင့် ထွက်ခွာခဲ့ရပါတယ်။ သူဟာ ကစားသမားဘဝအတွင်း ရီးဒင်း၊ ရှက်ဖီးလ်ယူနိုက်တက်တို့တွင်လည်း ကစားခဲ့ပါတယ်။