ဧရာဝတီတိုင်းမှာ ဆောင်းသီးနှံ စိုက်ပျိုးမှု လျော့ကျ

အောက်တိုဘာ ၁၈


ဧရာဝတီတိုင်းက တောင်သူတွေ အခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဆောင်းသီးနှံတွေကိုလျော့ချ စိုက်ပျိုးနေကြရတယ်လို့ ဒေသခံတောင်သူတွေကဆီကနေသိရပါတယ်။

ဒေသမတည်မငြိမ်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ အပြည့်အဝမလုပ်နိုင်တာ၊ စိုက်ပျိုးထားတဲ့သီးနှံတွေပြန် လည်မရိတ်သိမ်းနိုင်တာ၊ စပါးဈေးတွေအဆမတန်ကျဆင်း နေတာ၊ပြီးခဲ့တဲ့ ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ စိုက်ပျိုးရေး သွင်းအားစုတွေ အပြည့်အဝမသုံးစွဲနိုင်လို့ အထွက်နှုန်းကျ ဆင်းခဲ့တာ၊ အခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီမှာ စပါးအပါ အဝင် သီးနှံတွေရေမြုပ်ပျက်ကုန်တာ၊ စပါးအပင်ဖျက်ရွှေ ခရုတွေဖျက်စီးတာ စတဲ့အကြောင်းအမျိုးမျိုးဆောင် အခုနှစ် ဆောင်းသီးနှံကို လျော့ချ စိုက်ပျိုးနေတာလို့ ဆိုပါတယ်။

''အဓိကကတော့ စိုက်ပျိုးစရိတ်မရှိတာ၊ အရင်းအနှီးမရှိတာ ကြောင့်ပါ။ နှစ်စဉ်မိုးစပါးရိတ်သိမ်းပြီးတာနဲ့ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ထည့်သုံးစွဲတာ။အခုနှစ်စပါးဈေးကဘာမှ လုပ်မရဘူး။ ဒီနှစ်မတတ်နိုင်ဘူး။ နိုင်သလောက်ပဲစိုက်ဖို့ ဆုံးဖြတ်လိုက်ရတာ။စိုက်ပျိုးရေးစရိတ်အပြည့်အဝမသုံးနိုင် ပဲလျောက်စိုက်ထားလည်းအလကားပဲ။ဆောင်းသီးနှံက အစာများ၊ဆေးများများ၊ရေမပြတ်သုံးမှအောင်မြင်တာ။ မသုံးနိုင်ရင်တော့အလကားပဲ''လို့ ရေကြည်မြို့နယ်က ဒေသခံ တောင်သူ တယောက်ကပြောပါတယ်။

အဲဒီလို စိုက်ပျိုးစရိတ်တွေမသုံးစွဲနိုင်တာကြောင့် ဧရာဝတီ တိုင်းက တောင်သူတွေဟာ အခုနှစ်ဆောင်းသီနှံစိုက်ပျိုး တဲ့ရာသီမှာ ပျမ်းမျှစိုက်ကွက်လယ်ဧက ၂၀ ရှိတဲ့တောင် သူတယောက်ကို ၁၀ ဧကအထိစိုက်ပျိုးတော့ပြီး ၁၀ ဧက ရှိတဲ့တောင်သူတယောက်ကို ၅ ဧကအထိသာ စိုက်ပျိုးကြတော့တယ်လို့ သိရပါတယ်။

''ဒီနှစ်မှာလည်း နယ်မြေမတည်ငြိမ်မှုတွေဆက်ရှိနေတယ်။ ဒီဘက်ဒေသမှာ ဒီနှစ်လည်း စိုက်ပျိုးမှုဧကတွေလျော့ နည်းနေတယ်။ နည်းနည်းငြိမ်တဲ့ ရွာတွေဘက် မှာတော့ စိုက်ကြတာတွေ့ရတယ်။ဒါတောင် အရင်လို အများကြီး မဟုတ်ဘူး။မနှစ်က ကိုယ်တိုင်လည်းစိုက်ခဲ့တဲ့ သီးနှံတွေ ပြန်ရိတ်သိမ်းဖို့ လုပ်ချိန်တိုက်ပွဲတွေထဖြစ်တာကြောင့် ဒီနှစ်အရင်းထည့်ဖို့မရှိ ဖြစ်နေတာ။မရှိတဲ့အတူတော့ မတတ်နိုင်ဘူးလေ။ကိုယ်စားဖို့လောက်ဘဲ စိုက်တော့မှာ။ ''လို့ လေးမျက်နှာမြို့နယ်က တောင်သူတယောက်က ပြောပါတယ်။

အခု စိုက်ပျိုးရေးသွင်းအားစုတွေ အဆမတန်ဈေးတက်နေ တာကြောင့် တောင်သူတွေ အခက်အခဲရှိလာတာဟာ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ဖြစ်ပွားလာရတဲ့ အကျိုးဆက် တွေဖြစ်ပြီး နိုင်ငံရေးအခြေအနေ ပုံမှန်ကို ပြန်မရောက်တဲ့ အချိန်အထိ ကုန်ဈေးနှုန်းတွေကတက်နေ ဖို့သာရှိတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေကဆိုပါတယ်။

''အခုက အကုန်ကျပ်တည်းနေတာ ၊ဒီအခြေအနေတိုင်းဆို မလွယ်တော့ဘူး။ အရောင်းအဝယ်တွေလည်းမကောင်းဘူး၊ အခု တောင်သူတွေ အခက်အခဲဖြစ်နေရတဲ့ အဓိက အကြောင်းအရင်းကလည်း သူတို့ဝယ်ယူသုံးစွဲရတဲ့ကုန် စည်ဈေးနှုန်းတွေထိုးတက်နေတာနဲ့သူတို့ထုတ် ကုန်ကျ တော့ဈေးမရဖြစ်နေတဲ့အခြေမနေကြောင့်ပါ။ကုန်ဈေးနှုန်း တွေထိုးတက်လာတာကလည်း နိုင်ငံရေးအကျပ် အတည်း တွေကြောင့်ဖြစ်နေတာ၊ ကုန်ဈေးနှုန်းတွေကလောလော ဆယ်တည်ငြိမ်ကျဆင်းဖို့ မလွယ်သေးဘူး။''လို့ ဧရာဝတီတိုင်းက စီးပွားရေးလုပ်ငန်းရှင် တယောက်ကပြောပါတယ်။

ဧရာဝတီတိုင်းမှာ တောင်သူတွေဟာ ဆောင်းသီးနှံကို စပါး အပြင် မတ်ပဲ ၊ ငရုတ် ၊ ပဲတီစိမ်း ၊ နေကြာ ၊ နှမ်း ၊ မြေပဲ ၊ ဖူးစားပြောင်း ၊ အစေ့ထုတ်ပြောင်းနဲ့ ဟင်းသီးဟင်း ရွက်တွေကို စိုက်ပျိုးကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စိုက်ပျိုးစရိတ်တွေလုံးဝမရှိတဲ့ တောင်သူတွေဟာ အခုနှစ် ဆောင်းသီးနှံကိုမစိုက်တော့ဘဲထားလိုက်တော့ မယ်လို့ ဆုံးဖြတ်ထားတယ်လို့ ဒေသခံ တောင်သူ တွေရဲ့ပြောပြချက်အရ သိရပါတယ်။

image