8 ပတ် - ဘာသာပြန်ပါ။

၁၉၇၈ ခုနှစ်တုန်းက ဆန်ဖရန်စစ္စကို မြို့တော်ဝန် ဂျော့မော့စ်ကိုနီ (George Moscone) နဲ့ မြို့တော်ကြီးကြပ်ရေးမှူး ဟာဗေးမစ်လ်ခ် (Harvey Milk) တို့ဟာ အမေရိကန်သမိုင်းမှာ ပထမဆုံး လိင်တူချစ်သူအဖြစ် ၀န်ခံထားတဲ့ နိုင်ငံရေးသမားတွေဖြစ်ကြပါတယ်
အဲ့လိုနဲ့ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဆန်ဖရန်စစ္စကိုမြို့ရဲ့ မြို့တော်ကြီးကြပ်ရေးမှူးအဖြစ်မှ မကြာသေးမီကမှ နုတ်ထွက်ထားတဲ့ ဒန်ဝှိုက် (Dan White) ဆိုသူဟာ မြို့တော်ဝန် ဂျော့မော့စ်ကိုနီ နဲ့ ကြီးကြပ်ရေးမှူးအသစ် ဟာဗေးမစ်လ်ခ် တို့ရဲ့ ဆက်ဆံရေးကို ကြည့်မရခဲ့ပါဘူး အဲ့လိုနဲ့ ဒန်ဝှိုက် ဟာ သူတို့နှစ်ဦးကို လုပ်ကြံခဲ့ပါတယ်
ဒန်ဝှိုက် ဟာ ပထမဆုံး မြို့တော်ဝန် မော့စ်ကိုနီကို သွားတွေ့ပြီး သေနတ်နဲ့ လေးချက် ပစ်သxတ်ခဲ့ပါတယ် အဲ့ဒီနောက် မစ်လ်ခ် ရဲ့ ရုံးခန်းသို့ သွားပြီး မစ်လ်ခ် ကို ငါးချက်ပစ်သxတ်ခဲ့ပါတယ်
အဲ့လိုနဲ့ သူ့ကို ဖမ်းဆီးလိုက်ကြပြီး ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်ထားတဲ့ ပထမအဆင့် လူသxတ်မှုဆိုပြီး သတ်မှတ်ခဲ့ပါတယ် ဒါပေမဲ့ ဝှိုက်ရဲ့ ရှေ့နေတွေက သူဟာ ရာဇဝတ်မှုကျူးလွန်ချိန်မှာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှု ဝေဒနာ ခံစားနေရကြောင်း အဓိကထား ခုခံချေပခဲ့ပါတယ်
စိတ်ရောဂါကု ဆရာဝန်တွေက ဝှိုက်ဟာ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကြောင့် ၎င်းရဲ့ ပုံမှန် စားသောက်မှုပုံစံကို ပြောင်းလဲခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ် အရင်က ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်တတ်သူဖြစ်ပေမဲ့ စိတ်ဓာတ်ကျချိန်မှာတော့ Twinkies (သကြားဓာတ်များတဲ့ ကိတ်မုန့်ချောင်း)၊ ကိုကာကိုလာ စတဲ့ သကြားဓာတ်လွန်ကဲတဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးလာကြောင်း သက်သေပြခဲ့ပါတယ်
ရှေ့နေတွေက Twinkies (သကြားဓာတ်များတဲ့ အစားအစာ) တွေဟာ လူသxတ်မှုရဲ့ တိုက်ရိုက်အကြောင်းရင်းဖြစ်တယ်လို့ တကယ်တမ်းမှာ ငြင်းခုံခဲ့တာမဟုတ်ပါဘူး အဲဒီအစား သကြားဓာတ်လွန်ကဲစွာ စားသုံးခြင်းဟာ ဝှိုက်ရဲ့ စိတ်ဓာတ်ကျမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တော့ကြောင်း ဖော်ပြနေတဲ့ ရောဂါလက္ခဏာ (symptom)တစ်ခုသာ ဖြစ်ကြောင်း အလေးပေး ဖော်ပြခဲ့ပါတယ်
ဒီခုခံချေပချက်ကြောင့် ဂျူရီလူကြီးတွေက ဝှိုက်ဟာ ရာဇဝတ်မှုမကျူးလွန်မီ ကြိုတင်စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိဘူးလို့ သတ်မှတ်ခဲ့ပြီး စွဲချက်ကို ပထမအဆင့် လူသxတ်မှု (ထောင်ဒဏ်တစ်သက်တစ်ကျွန်း ဒါမှမဟုတ် ေxသဒဏ်) မှ ပိုမိုလျော့ပေါ့တဲ့ ဆန္ဒအလျောက် လူသxတ်မှု သို့ လျှော့ချခဲ့ပါတယ်
အဲ့လိုနဲ့ ဒန်ဝှိုက်ကို ထောင်ဒဏ် ၇ နှစ် နဲ့ ၈ လ သာ ချမှတ်ခဲ့ပြီး တကယ်တော့ ၅ နှစ်အောက်သာထောင်ဒဏ်ကျခံခဲ့ရပါတယ် ဒီစီရင်ချက်ကြောင့် ဆန်ဖရန်စစ္စကိုရှိ လိင်တူချစ်သူတွေကြား အလွန်အမင်း ဒေါသထွက်ခဲ့ပြီး "White Night Riots" လို့ခေါ်တဲ့ အကြီးအကျယ် ဆန္ဒပြပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်
ဒီဖြစ်ရပ်ကြောင့် ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဥပဒေရေးရာမှာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှု ကို ခုခံချေပချက်အဖြစ် အသုံးပြုခြင်းကို ကန့်သတ်ခြင်းနဲ့ ပယ်ဖျက်ခြင်းများ ပြုလုပ်ခဲ့ပါတယ် ဒန်ဝှိုက် ဟာ ၁၉၈၅ ခုနှစ် ထောင်မှ လွတ်မြောက်လာပြီး တစ်နှစ်ခွဲအကြာမှာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts

image