8 w - Translate

A Monster in Paris (2011)

ဒီ ပြင်သစ် 3D animation ရုပ်ရှင်က ဒါရိုက်တာ Bibo Bergeron ရဲ့လက်ရာတစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာဆိုရင် ရုပ်ရှင်ပြစားတဲ့ အေမီယိုနဲ့ ကုန် ပစ္စည်းတွေလိုက်ပိုတဲ့ အလုပ်ကို လုပ်တဲ့
ရာအိုသူငယ်ချင်းနှစ်ယောက်ဟာ မမျှော်လင့်ပဲ ဓာတ်ခွဲခန်းထဲမှာ မကောင်းဆိုးဝါးတစ်ကောင်ကို ဖန်တီးမိခဲ့ပါတယ်။ပြီးတော့အဲ့ဒီမကောင်းဆိုးဝါးကောင်ဟာ ပဲရစ်မှာလျှောက်သွားပါတော့တယ်။
တွေ့တဲ့လူတိုင်းကသူ့ရဲ့ပုံပန်းသဏ္ဌန်ကြောင့် ကြောက်လန့်တကြားဖြစ်ကြတာပေါ့။အဲ့ဒီမကောင်းဆိုးဝါးကို ဖမ်းဆီးဖိုအတွက် ကောက်ကျစ်တဲ့ ကော်မရှင်နာ မေနာက စတင်ပြီးလုပ်ပါတော့တယ်။
ဇာတ်ကားလေးက ခံစားကြည့်မိမယ်ဆိုရင် တကယ့်မကောင်းဆိုးဝါးဆိုတာ ဘယ်လိုမျိုးလဲ အပြင်ပန်းကိုသာ ကြည့်ပြီး ဆုံးဖြတ်လိုမရတဲ့ ကိစ္စတွေ အဖြစ်အပျက်တွေကို တွေ့ရမှာပါ

Crd

image