> ပါမောက္ခ ဒေါ်ခင်ဖြူပြောသော <••
> ဆေးသောက်လျှင်သတိထား <<••
> ရမည့်အချက်များ <••
ဆေးသောက်လျှင် ဒါတွေသတိထားပါ
ဆေး သောက်လျှင်ရေနှင့်သောက်သည်ကို မသိသူမရှိပေ။သို့သော် ဤလွယ်ကူ၍ အရေးကြီးသောကွင်းဆက်ကို လူတို့မေ့လျော့သည့်အတွက် ဆေး အာနိသင် ရသင့်သလောက်မရသည့်အပြင် အစာမျိုပြွန်ကို ထိခိုက်နိုင်သည်။ ဆေး ပြားသည် သာမန်အားဖြင့် အဓိကဆေးမှုန့်နှင့် ပုံသွင်းမှုန့်(ကော်မှုန့်၊ သကြား စသည်) တို့ကို ဖိ၍ ပုံသွင်းထားခြင်းဖြစ်သည်။ ဆေး အာနိသင် မြန်၊ နှေး၊ ပြင်း၊ ပျော့သည် အဓိက ဆေး မှုန့်၏ အစာအိမ် အူလမ်းကြောင်း တလျှောက် စုပ်ယူခံရမှု အမြန်နှုန်းပေါ်တွင် မူတည်သည်။
ဆေးပြားသည် သွေးအတွင်းသို့ စုပ်ယူမခံရမီ အစာအိမ်နှင့် အူလမ်းကြောင်းတွင် သေးငယ်သော၊ ထောင်သောင်းမကသောအမှုန့်ငယ်များအဖြစ် ကွဲကြေသွားပြီး အရည်ထဲ ပျော်၀င်နေမှသွေးထဲစုပ်ယူခံနိုင်မည်။
ဆေးသောက်ပြီးရေများများသောက်မှ သွေးထဲသို့ စုပ်ယူခံရမှု ပိုမိုမြန်ဆန်မည်။ ထို့ကြောင့်
ဆေးမသောက်မီ_ရေနွေးနွေးတခွက်
သောက်ခြင်းဖြင့် အစာလမ်းကြောင်းကို စိုစွတ်စေနိုင်သည်။ ပြီးမှ ဆေး ကို ရေများများနှင့် သောက်ခြင်းဖြင့် အာနိသင်မြန်ဆန်ထက်မြက်စေနိုင်မည်။
ရေသောက်နည်းလျှင် ဆေးပြား၊ဆေး တောင့်တို့ သည် အစာမျိုပြွန်၊ အစာအိမ်နံရံတွင် ကပ်နေနိုင်ပြီး ထိခိုက်ဒဏ်ရာရစေနိုင်သည်။
ဥပမာ-အက်စ်ပရင်၊ ပရိုဖင်၊ အကိုက်အခဲ ပျောက်ဆေးမျိုးစုံ၊ပရီနိုစလုံးဆေး၊ ကင်ဆာရောဂါကု ရူဘီဒိုမိုက်ဆင် စသည်တို့ဖြစ်သည်)။
လှဲလျက်မသောက်ရ ဆေး သောက်သည့်အခါ မတ်တတ်ရပ်လျက် သို့မဟုတ်-ထိုင်လျက်ဆေး သောက်ရမည်။ လှဲလျက် ဆေး မသောက်ရ။ ဆေး သောက်ပြီးချက်ချင်း မလှဲရ။ အနည်းဆုံး ၃-မိနစ်၊ ၅-မိနစ် ဆက်လက်ထိုင်နေသင့်သည်။ နာတာရှည် ရောဂါသည်နှင့် အစာမျို ခက်ခဲသူများသည်ဆေး အရည်ကို သောက်သင့်သည်။
အိပ်ခါနီး သောက်လျှင် အိပ်ခါနီး ဆေး သောက်ရန် လိုအပ်လျှင်ဆေးသောက်ပြီး၂-မိနစ်၊ ၃-မိနစ်ခန့် သွားလာလှုပ်ရှားပြီးမှ အိပ်သင့်သည်။
နွားနို့နှင့်မသောက်သင့် ဆေး ကို နွားနို့နှင့် မသောက်သင့်ပါ။ နွားနို့သည် ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်စစ်ပါသည့်အတွက် ဆေး မှုန့်လေးများ၏ပတ်ပတ်လည်တွင် အမှေးပါးတထပ် ဖြစ်ပေါ်အုပ်ဆောင်းထားတတ်သည်။
ထို့ပြင် နွားနို့တွင် ကြွယ်၀စွာပါ၀င်သော ကယ်လ်စီယမ်ဓာတ်၊မီးစုန်းဓာတ်၊ သံဓာတ်တို့သည်လည်း အချို့ဆေးဝါးပစ္စည်းများနှင့်ဓာတ်ပြုနိုင်ပြီး ပျော်၀င်ရန် ခက်ခဲသော ဆားများအဖြစ်သို့ဓာတ်ပြောင်းလဲသွားနိုင်ပါသည်။ ထို့ပြင် ဟင်းရည်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း၊ အချိုရည်၊
ဘိလပ်ရည်တို့နှင့် ဆေးကို မသောက်ရ။
ရေနွေးနွေးနှင့်သာသောက်သင့်ပါသည်။
ဆာလ်ဖာဆေးဝါးသောက်လျှင် ကျောက်တည်ခြင်းမှ ကာကွယ်ရန် အထူးသဖြင့် ရေများများပိုသောက်ရမည်။ အနည်းဆုံး ရေတပုလင်းခွဲခန့် (၁၅၀၀-မီလီမီတာ)ထိုနေ့တွင်သောက်ရမည်။
သို့မှသာ သွေးကျဲ၊ ဆီးရွှင်၊ ကျောက်ကပ်ကာကွယ်ရာ ရောက်မည်။
အကိုက်အခဲပျောက်ဆေး၊ အဖျားကျ ဆေး များ သောက်လျှင်လည်းရေများများသောက်ရန် လိုအပ်သည်။ သို့မှသာ ကိုယ်ပူကျပြီးချွေးများများ ထွက်သောအခါ ရှော့ခ်ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်။သို့သော် မည်သည့်ဆေးကို သောက်သည်ဖြစ်စေ ရေများများသော်က
ရမည်ဟူ၍ကား မဟုတ်ပေ။ အချို့ ချောင်းဆိုးပျောက်ဆေးသည် သောက်ပြီး ၅-မိနစ်ခန့်ကြာမှ
ရေသောက်ရသည်။ ထို့ကြောင့် ဆေးအာနိသင်ကောင်းစေရန် ဆေးပေးသူကိုဆေးသောက်ရမည့်အချိန်၊ နည်းလမ်းတို့ကို သေချာမေးမြန်းပြီး မှတ်သားလိုက်နာရမည် ဖြစ်ပါသည်။
ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏
သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။
#ကျန်းမာရေး #ဗဟုသုတ #စာပေ