"ဆေးဖက်ဝင်တဲ့ ရွက်လေးရဲ့ အံ့ဖွယ် အာနိသင်များ"⤵
ကွမ်းရွက်လေးတစ်ရွက်မှာ အငန်မှလွဲ၍ ကျန်အရသာ ငါးမျိုးပါဝင်ပြီး ဆေးဖက်ဝင်အပင်တစ်ခုအဖြစ် အသုံးဝင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ကွမ်းယာအဖြစ်သုံးစွဲမှုကြောင့် ခံတွင်းကင်ဆာ၊ သွားပျက်စီးမှုတွေ ဖြစ်ပေါ်ကာ ကွမ်းရွက်ရဲ့ဂုဏ်သတင်း ပျက်စီးနေရပါတယ်။☺
တကယ်တော့ ကွမ်းရွက်ကို ဆေးအဖြစ် မှန်မှန်သုံးမယ်ဆိုရင် ရောဂါဘယများစွာကို ကာကွယ်နိုင်ပါတယ်။ ဒီတစ်ခါတော့ ကွမ်းရွက်ရဲ့ဆေးဘက်ဝင်ပုံများကို မျှဝေပေးလိုက်ပါတယ်။
✅ မျက်စိရေတိမ်၊ မျက်မှန်စွဲနေသူများ
မျက်စိနဲ့နှာခေါင်းကြားမှာ ကွမ်းရွက်ကပ်ပေးခြင်းဖြင့် မျက်မှန်ကျွတ်အောင် ကူညီပေးနိုင်တယ်ဆိုတာ သိပါရဲ့လား?
✅ နားလေး/နားထိုင်းသူများ
ကွမ်းရွက်ကို လိပ်ပြီး နားထဲထည့်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
✅ ခေါင်းကိုက်/ခေါင်းမူးသူများ
နားထင်မှာ ကွမ်းရွက်ကပ်ပေးရုံနဲ့ ချက်ချင်း သက်သာစေပါတယ်။
✅ သွားဖုံးနာ/အပူဘက်ထွက်သူများ
ကွမ်းရွက်ကပ်ခြင်း၊ ငုံခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။
✅ နှလုံးသွေးကြောကျဉ်း/ပိတ်ဖူးသူများ
ရင်ဘက်နှလုံးနေရာမှာ ကွမ်းရွက်ကပ်အိပ်ပေးခြင်းဖြင့် ထပ်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ဒါတင်မကသေးပါဘူး...
· အဆုတ်မကောင်းသူများ ရင်ဘက်/ကျောဘက်ကပ်ခြင်း
· တင်းတိပ်ချွေးပေါက်ကျယ်ခြင်း ကုသခြင်း
· ချောင်းဆိုး/အဖျားအတွက် ကွမ်းရွက်ထဲ လျက်ဆားထည့်ဝါးခြင်း
· အမျိုးသမီးရောဂါများ၊ သားအိမ်ကင်ဆာအထိ သက်သာစေခြင်း
· နို့တိုက်မိခင်များ နို့ကျိတ်ရောင်ခြင်း ကုသခြင်း
· ကလေးငယ်များ နှာစေး/ချောင်းဆိုး/အသက်ရှူကျပ်ခြင်း သက်သာစေခြင်း
· လိပ်ခေါင်းသမားများ စအိုတွင် ကွမ်းရွက်ညှပ်ခြင်း
ဒီလိုမျိုး အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ ကွမ်းရွက်လေးကို ဆေးအဖြစ် ပြန်လည်အသုံးချကြည့်ပါ။ နေ့စဉ် ကွမ်းရွက်တစ်ရွက်စားပေးခြင်းဖြင့် ရောဂါဘယကင်းဝေးပြီး ကျန်းမာလှပတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
- ကွမ်းရွက်ကို သန့်ရှင်းစွာဆေးကြောပြီးမှအသုံးပြုပါ။ အလွန်အကျွံမသုံးစွဲပါနဲ့။
Crd