တောင်ငူမုန့်ဟင်းခါး
တောင်ငူမုန့်ဟင်းခါးမှာ မပါမဖြစ် ကောက်ညင်းပေါက်ပေါက်မှုန့်
ကောက်ညှင်းဆန်ကောင်းကောင်း နိုဆီဗူး ၂ လုံးကို မြေသောက်ရေအိုးနဲ့ထည့်ပြီး မီးဖိုပေါ်မှာ ပေါက်ပေါက်ပွင့်အောင် လှော်ရမှာဖြစ်ပါတယ် ပေါက်ပေါက်များရလျင်အအေူခံပြီး ကြွပ်လာလျင်ဆုံမှာထည့်ထောင်းပါ နောက်အမှုန့်များကိုဇကာချပြီး ရလာသောအမှုန့်များကိုတောင်ငူမုန့်ဟင်းခါးတွင်ထည့်စားနိုင်ပါတယ်….
မုန့်ဟင်းရည်ချက်ပြုတ်ပုံ
မုန့် ၁ ပိသာ အတွက်
၁။ ငါးခူ (မန်ကျဉ်းရေစိမ်ပြီး အချွဲခြစ်ပါးဟပ်ခွာပြီးဆေးကြောသန့်စင်ထားပါ) ၂၅ ကျပ်သား
၂။ ငံပြာရည်(ဒေါ်သိန်းခင်တံဆိပ်) ၁၅၀ မီလီလီတာ (ကော်ဖီတစ်ခွက်စာ)
၃။ စိမ်းစားငပိ (လက်ဖက်စားဇွန်း) ၁ ဇွန်း
၄။ နနွင်းမှုန့် (လက်ဖက်စားဇွန်း) ၁ ဇွန်း
၅။ ဆား အနည်းငယ်
၆။ ဆီ အနည်းငယ်
၇။ ရေ ၅ လီတာ (ရေသန့်ဗူးတစ်ဗူး ၁တစ်လီတာ)
၈။ စပါးလင် (အရင်းပိုင်းများဖြတ်ပြီးထောင်းထားပါ) ၂ ပင်
၉။ ကြက်သွန်နီ (လေးစိပ်စိပ်ထားပါ) ၃ လုံး
၁၀။ ကြက်သွန်ဖြူ (ထောင်းထားပါ) ၆ တက်
၁၁။ အိမ်စားထန်းလျက်ခဲ ၆ ခဲ
ချက်ပြုတ်ပုံ
၁။ ငါးခူများကို ဆား နနွင်း ငါးပိစိမ်းစား မှုန့်နယ်ပြီး ဆီအနည်းငယ်နှင့် ငံပြာရည် ရေထည့်ပြီးပြုတ်ပါ။
၂။ ငါးပြုတ်ကျတ်ပြီး အနံမွှေးလာလျင် ငါးအသားများထွင်ထားပါ။
၃။ ငါးပြုတ်ရည်ကိုအနည်စစ်ပြီး ဆူအောင်ပြန်တည်ထားပါ။
၄။ ငါးသားများ စပါးလင် ကြက်သွန်ဖြူ နီများနှင့်ထန်းလျက်ထည့်ပြီးနူးပြီးပျော်သွားသည်
အထိမီးပျော့ပျော့နှင့်တည်ပါ။
ဟင်းအိုးကောင်းကောင်းဆူလျင် တောင်ငူမုန့်ဟင်းခါး ပြင်ဆင်နိုင်ပါပြီ..
မုန့်စားပန်းကန်တစ်ခုတည်းတွင်
မုန့်ဖတ် ကြက်ဥပြုတ် အကြော်ထည့် ဟင်းရည်ဆမ်းပြီး ပဲထောင့်ရှည် နံနံပင်များထည့်ပါ နောက်မှငရုတ်သီးမှုန့် ကောက်ညှင်းမှုန့်တစ်ဇွန်းခန့်ပြီး အရသာရှိတဲ့ တောင်ငူမုန့်ဟင်းခါး
ကိုသုံးဆောင်နိုင်ပါပြီ။