ရေနံနှင့် ရေနံထွက်ပစ္စည်း သိုလှောင်ခွင့်လိုင်စင် သက်တမ်းတိုးကြရန် အသိပေး
အောက်တိုဘာ ၁၇
လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်း သိုလှောင်ခွင့်လိုင်စင် သက်တမ်းတိုးကြဖို့ သတ္တုတွင်းဦးစီးဌာနက အသိပေး ထုတ်ပြန်ပါတယ်။
အရင်က ခွင့်ပြုထားတဲ့ လိုင်စင်တွေဟာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် နှစ်လကြိုတင်ပြီး လာမယ့်နှစ်အတွက် သက်တမ်းတိုးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ရက်လွန်ဒဏ်ကြေးအဖြစ် တစ်ရက်ကို သိုလှောင်ခွင့်လိုင်စင်ကြေး ၂ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး တစ်နှစ်ပျက်ကွက်ရင် လိုင်စင်အလိုအလျောက် ပျက်ပြယ်သွားမယ်လို့ သိရပါတယ်။



