"ဘယ်လိုလိမ်းဆေးမျိုးစုံသုံးလို့မှ တင်းတိပ်တွေမပျောက်၊ မပါးသွားတဲ့သူတွေ ရှိရင် ဗာစလင်း (Vaseline) ကို စမ်းသုံးဖူးပြီးပြီလား။
​မျက်နှာတစ်ပြင်လုံးမှာ တင်းတိပ်နဲ့ အမည်းစက်တွေ ရှိတဲ့သူတစ်ယောက်ရဲ့ ရင်ထဲက စကားပါ။ ညတိုင်းလိမ်းတယ်၊ မျက်နှာက နူးညံ့လာပြီး တင်းတိပ်တွေ တကယ်ပါးလာပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေလည်း ပါးသွားပါတယ်။ ရှားစောင်းလက်ပတ်နဲ့ ရောပြီးလိမ်းရင်တော့ မျက်နှာပိုကြည်လာမယ်။ မနက်နိုးလာရင် မျက်နှာက ပြည့်ပြည့်ဖူးဖူး ဖြစ်နေမယ်၊ ကျီးကန်းခြေထောက်အရေးအကြောင်းတွေ အကုန်ပျောက်သွားပါတယ်။
​ပြီးတော့ အသားအရေခြောက်တဲ့သူတွေအတွက်ဆိုရင် အရမ်းကောင်းပါတယ်။ ညအိပ်ရာမဝင်ခင် လက်မှာလိမ်းရင် လက်တွေက နူးညံ့ချောမွေ့နေမှာပါ။ စမ်းသုံးကြည့်လိုက်ပါ။ ဗာစလင်းကို တင်းတိပ်အတွက် သုံးပြီး တင်းတိပ်တွေ အများကြီးပါးသွားတဲ့သူတွေ အများကြီး ရှိပါတယ်ရှင့်။"

image