မန်နေဂျာဟောင်းရဲ့ လူသိရှင်ကြား အကြွေးတောင်းခြင်းခံလာရတဲ့ ဆန်ချိုနှင့် ချစ်သူ ရက်ပါ Saweetie
====================

ဂျာဒွန်ဆန်ချိုနှင့် ချစ်သူရက်ပါ Saweetie တို့ဟာ မန်နေဂျာဟောင်းရဲ့ လူသိရှင်ကြား အကြွေးတောင်းခြင်းခံလာရပါတယ်။
မေဘစ်ရှ်မေဟာ အင်စတာဂရမ်အကောင့်မှာ ပို့စ်တင်ပြီး ဂျာဒွန်ဆန်ချိုနှင့် Saweetie တို့အား အကြွေးကို အမြန်ဆုံးပြန်ဆပ်ရန် ပြောကြားလာတာလည်း ဖြစ်ပါတယ်။

ဆန်ချိုနှင့် အမည်ရင်း ဒိုင်ယာမွန်တီဟာပါ (Saweetie)တို့ဟာ ချစ်ကြိုက်လာခဲ့တာ ကြာမြင့်ပြီ ဖြစ်ပါတယ်။ Saweetie ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးတွင် ဆန်ချို အငှားဖြင့် သွားကစားစဉ် စတမ်းဖို့ဒ်ဘရစ်ချ်သို့ လာရောက် ကြည့်ရှုအားပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးသို့ အပြီးသတ် ပြောင်းမယ့်အချက်ဖြင့် ယူနိုက်တက်မှ အငှားဖြင့် သွားကစားခဲ့သူပါ။ သူဟာ ချဲလ်ဆီးတွင် မာရက်စ်ကာလက်အောက်မှာ ပရီးမီးယားလိဂ်ပွဲ ၁၉ ပွဲ ပွဲထွက်ကစားခွင့်ရခဲ့ကာ ၃ ဂိုးသွင်းပြီး ၄ ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးဟာ ဆန်ချိုကို အပြီးသတ် မခေါ်ယူဘဲ ယူနိုက်တက်အား နစ်နာကြေး ပေါင် ၅ သန်းပေးကာ ပြန်လွှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဘုန်းမောက်နှင့် ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်မတိုင်မီ ဆန်ချိုဟာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေစဉ် Saweetie ထံသို့ သွားရောက်ကာ ဖက်ခဲ့ပါတယ်။ ထိုစဉ်တုန်းက မန်နေဂျာဟောင်းမေလည်း ရှိနေပြီး ဆန်ချိုနှင့် ပွေ့ဖက်ခဲ့ပါတယ်။
ယခုအခါ မေက Saweetie ရဲ့ ချဲလ်ဆီးပွဲစဉ်သွားကြည့်ရေးအတွက် စီစဉ်ပေးခဲ့ပေမယ့်လည်း ယင်းအတွက် ငွေကြေးတစုံတရာ ရရှိလာခြင်း မရှိသေးကြောင်း၊ ယင်းတွင် ဆန်ချိုမှာလည်း ပါဝင်ပတ်သက်နေကြောင်း အင်စတာဂရမ်ကနေ ပို့စ်တင်လာပါတယ်။

လက်ရှိအချိန်တွင် ယင်းသို့ လူသိရှင်ကြား အကြွေးတောင်လာမှုအပေါ် ဆန်ချိုနှင့် ချစ်သူဘက်က တစုံတရာ တုံ့ပြန်လာခြင်း မရှိသေးပါဘူး။

ဆန်ချိုဟာ နွေရာသီတွင် ယူနိုက်တက်တွင် အနာဂတ် မရှိကြောင်း သိရှိရပြီးနောက် ဗီလာသို့ အငှားဖြင့် သွားရောက်ကစားခဲ့ရပါတယ်။

သူဟာ ဗီလာတွင် ပရီးမီးယားလိဂ်မှာ ၈ မိနစ်တည်းသာ ကစားခွင့်ရထားပြီး ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်တဲ့ ခါရာဘောင်ဖလား ပွဲတစ်ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရထားပါတယ်။

image