ငါးဖယ်လုံးဟင်းချို
အရည်သောက် ဟင်းလျာလေးတစ်မယ် ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများနဲ့ ပြုလုပ်နည်း🥗🥗🥗
#ငါးဖယ်လုံးရန်
ငါးဖယ်ခြစ် ၁၀ သား
ချင်းအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
အသားမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
၁။ ငါးဖယ်လုံးရန်မှ ပါဝင်ပစ္စည်းများအားလုံးကို ငရုတ်ဆုံထဲထည့်ပြီး ငါးဖယ်များစေးပိုင်လာအောင် ထောင်းထားလိုက်ပါ။
#ကြက်ပြုတ်ရည်ပြုလုပ်ရန်
ကြက်ရိုး ၅ ကျပ်သား
ချင်း လက်တစ်ဆစ်
ကြက်သွန်ဖြူ ၁ လုံး
ရေ ၂ လီတာကျော်
၁။ အိုးတစ်လုံးထဲကို သန့်စင်ပြီးကြက်ရိုး၊ ချင်းပါးပါးလှီး၊ ကြက်သွန်ဖြူ ဓားပြားရိုက်တို့နဲ့ ရေထည့်ပြီး ပြုတ်ပါ။ အရိုးများနူးအိချိန်မှာ ကြက်ပြုတ်ရည် ၂ လီတာခန့်ကျန်အောင်ချက်ပါ။
ဟင်းချိုချက်ရန်🍲🍲🍲
ဟင်းရွက်အစုံ ၂၀ သား ( အပ်မှို၊ မုန်လာဥနီ၊ မုန်ညင်းထုပ် )
နံနံပင် ( သို့ ) ကြက်သွန်မြိတ် ၁ ပင်
ကြက်သွန်နီ ၅ ကျပ်သား
ငံပြာရည် စားပွဲဇွန်း ၂ ဇွန်း
ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
အသားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁။ ဟင်းရွက်များကို သန့်စင်ပြီးနောက် ရေစစ်ထားပါ။ နံနံပင် ( သို့ ) ကြက်သွန်မြိတ်ကို သန့်စင်ပြီး ပါးပါးလှီးထားပါ။ ကြက်သွန်နီကို ကြမ်းကြမ်းလှီးပါ။
၂။ ကြက်ပြုတ်ရည်အိုးကို မီးအနေတော်မှာထားပြီး ကြက်သွန်နီ၊ ထောင်းထားတဲ့ ငါးဖယ်ခြစ်များကို အလုံးလေးတွေလုံးထည့်ပါ။ ငါးဖယ်ခြစ်အားလုံးထည့်ပြီးရင် မီးမြှင့်လိုက်ပါ။
၃။ ဟင်းအရည်ပွက်ပွက်ဆူပြီး ငါးဖယ်များပေါလောပေါ်ကာ ကျက်ရင် ဟင်းရွက်အစုံ၊ ငံပြာရည်၊ ဆား၊ အသားမှုန့်တို့ကို ထည့်ပြီးမွှေပါ။ အရသာစိတ်ကြိုက်အနေရရင် နံနံပင်နဲ့ ငရုတ်ကောင်းမှုန့်တို့ကို အုပ်လိုက်ပါ။
၄။ ချဉ်စပ်အရသာစားလိုရင်တော့ သံပုရာရည်နဲ့ ငရုတ်သီးစိမ်းရင်ခွဲတို့ကို နံနံပင်နဲ့ ငရုတ်ကောင်းမှုန့်တို့ထည့်ချိန်မှာ အတူရောထည့်လိုက်ပါ။
ပူပူနွေးနွေးနဲ့ အရသာရှိစွာ သုံးဆာင်နိုင်မယ့် အရည်သောက်ဟင်းလျာကို နှစ်သက်ကြမှာပါနော်။