နမ့်ဆန်နဲ့ နမ္မတူမှာ လေကြောင်းကနေ ထပ်မံဗုံးကြဲလို့ လူထိခိုက်မှုရှိ
အောက်တိုဘာ ၁၇
ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA ထိန်းချုပ်ရာ ကျောက်မဲခရိုင်၊ နမ္မတူ မြို့နဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းရွာမှာ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက လေကြောင်းနဲ့ ထပ်မဲ ဗုံးကြဲ တိုက်ခိုက်ခံရလို့ လူ ထိခိုက်မှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"ဟုတ်တယ်။ ဟုတ်တယ်။ နမ့်ဆန်က ဟိုမိန်းမှာ ကြဲသွားတာ။ ဟိုမ်းမှာ တယောက်ထိတယ်။ နမ္မတူမှာ ၄ ယောက်ထိတယ်။ ဟိုမိန်းမှာ ထိတဲ့ အမျိုးသမီး တယောက်သေတယ်။"
နမ့်ဆန် ဟိုမိန်းရွာကို အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၈ နာရီ ၁၅ မိနစ်ခန့်က ထပ်မံ ဗုံးကြဲခံရပြီး နမ္မတူမြို့ထဲကိုဝောာ့ မနက် ၈ နာရီ ၂၅ မိနစ်ခန့်က ထပ်မံ ဗုံးကြဲခံရတာလို့ ဆိုပါတယ်။
"နမ္မတူမှာ ဒီမနက် ၈ နာရီ ၁၅ မိနစ်ခန့်က သတလရပ်ကွက်၊ ထွေအုပ်ရုံးဘက်တစ်လုံးနဲ့ တခြား ဘယ်နားကျလဲတော့ သေချာမသိ ရဘူး" လို့ မြို့ခံ အမျိုးသား တယောက်က ပြောပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၈ နာရီကျော်ခန့်က နမ္မတူမြို့ပေါ် ရပ်ကွက်ထဲ လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရတာလို့ သူက ပြောပါတယ်။
နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာနဲ့ နမ္မတူမြို့အ.ထ.က (၁) ကျောင်းဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဒီနေ့ မနက်ပိုင်း ၈ နာရီ ၁၅ မိနစ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး လေးယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ဆောင် နှစ်ဆောင်နဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း TNLA ဘက်က သတင်းထုတ်ထားပါတယ်။
အခုအောက်တိုဘာလ အတွင်း TNLA ထိန်းချုပ်ရာ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ မိုင်းပေါ့၊ မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ် မြို့ပေါ်နဲ့ မြို့နယ်တွေမှာ ခေကြောက်းတွေ နဲ့ ဗုံးကြဲတိုက်ခိုပ်ခံ နေရတာ ဖြသ်ပါတယ်။