ကင်မရာ အဝိုင်းလား ၊ လေးထောင့်လား ကြိုက်တဲ့ပုံစံ ကိုယ်တိုင်ပြောင်းလို့ရမယ့်ဖုန်း
realme GT8 Pro တဲ့ Camera Bump Design ကို ကိုယ်တိုင် ပုံဖော်လို့ရအောင် သူတို့ဖန်တီးပေးထားတယ် Kit တွေလည်း ထပ်ထုတ်ပေးမယ်ထင်တယ်
ဖုန်းဒီဇိုင်းတွေ ဆန်းသစ်ကြတဲ့အထဲ ဒီ Idea လေးက ကွက်ကျန်ဖြစ်နေတာ Nothing ရဲ CMF ဆိုရင်က ကျောဘက် ကာဗာ တစ်ခုလုံးလဲလို့ရအောင်လုပ်ပေးထားတာပါ အခုက ကင်မရာ သီးသန့်ပဲ
ဘာပဲဖြစ်ဖြစ် ဖုန်းတွေရဲ့ identity ကလည်း Camera Bump က အသက်ဆိုတော့ အနည်းဆုံးတော့ ကိုင်ရတာပျင်းလာရင် Camera Bump လေး ကောက်ချိန်းလိုက်ရုံပဲ Refresh ဖြစ်သွားမှာပေါ့
ဒီဖုန်းမှာတော့ 200MP Camera ပါလာမယ် RICOH Camera နဲ့ ပူးပေါင်းထားမယ် လာမယ့် 21 ရက်နေ့ မိတ်ဆက်မယ်လို့ သိထားရပါတယ်



