" အတိတ်ရဲ့ နှောင်ကြိုး "
တစ်ခါတုန်းက ကုန်သည်နှစ်ဦး ဟာ ကုန်သွယ်မှုကိစ္စနဲ့ မြို့တစ်မြို့ကနေ နောက်တစ်မြို့ကို ခရီးသွားနေကြတယ်။ သူတို့ရဲ့ ခရီးလမ်းမှာ သဲကန္တာရကို ဖြတ်သန်းရတဲ့အတွက် ကုန်ပစ္စည်းတင်ဖို့နဲ့ ခရီးသွားဖို့အတွက် ကုလားအုတ်လေးကောင် ကို ခေါ်သွားကြတယ်။
သူတို့ဟာ သဲကန္တာရရဲ့ တစ်ဝက်ခန့်ကို ဖြတ်ကျော်ပြီးတဲ့အခါ နေဝင်တော့မယ်ဆိုတာ တွေ့တော့ မနက်မိုးလင်းတဲ့အထိ ခရီးကို ရပ်နားလိုက်ကြတယ်။ သူတို့ တဲတွေကို ထိုးပြီး ကုလားအုတ်တွေကို ကြိုးနဲ့ တုတ်ဖို့အတွက် ကြိုးတွေနဲ့ သပ်တုံးတွေကို ယူကြတယ်။ ကုန်သည်တွေထဲက တစ်ယောက်က ကုလားအုတ်သုံးကောင်ကို အောင်မြင်စွာ တုပ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးတစ်ကောင်အတွက် ကြိုးမရှိတော့ဘူး။
ဘေးမှာ ရပ်နေတဲ့ ဒုတိယကုန်သည်က သူ့သူငယ်ချင်းကို "ဒီကုလားအုတ်ကို ကြိုးနဲ့ တုပ်ထားတယ် လို့ ခံစားရအောင် လုပ်ပေးလိုက်" လို့ ပြောလိုက်တယ်။
ဒါနဲ့ ပထမကုန်သည်ဟာ ကုလားအုတ်နားမှာ သပ်တုံးရိုက်သံလို အသံ ကို တူနဲ့ရိုက်သလို လုပ်ပြပြီး၊ ကုလားအုတ်ရဲ့ လည်ပင်းကို ထိလိုက်ကာ လည်ပင်းမှာ ကြိုးထုံးလိုက်သလိုမျိုး ဟန်ဆောင်ပြီး လုပ်ပြ လိုက်တယ်။ ပြီးတော့ သူတို့နှစ်ဦးစလုံး တဲထဲ ဝင်သွားကြတယ်။
နောက်တစ်နေ့ မနက်မှာ သူတို့နှစ်ယောက် နိုးလာတဲ့အခါ ကုလားအုတ်တွေရဲ့ လည်ပင်းက ကြိုးထုံးတွေကို ဖြည်ပြီး ခရီးဆက်ဖို့ ပြင်ကြတယ်။ ဒါပေမဲ့ စတုတ္ထမြောက် ကုလားအုတ်ကတော့ အဲ့ဒီနေရာမှာ ထိုင်နေမြဲပဲ။
ပထမကုန်သည်က သူ့သူငယ်ချင်းကို "ဟေ့ကောင်၊ ဒီကုလားအုတ်က ဘာလို့ မရွေ့တာလဲ" လို့ မေးတယ်။
သူ့သူငယ်ချင်းက "မင်း ညက လုပ်ခဲ့တဲ့ ဟန်ဆောင် လုပ်ရပ်အတိုင်း ထပ်လုပ်ပေးလိုက်ပါ။ သူ ကြိုးနဲ့ မတုပ်ထားဘူး ဆိုတာကို ခံစားရအောင် လုပ်ပေးလိုက်" လို့ ပြန်ပြောတယ်။
ဒါနဲ့ သူက ညကအတိုင်း လုပ်ပြလိုက်တဲ့အခါမှ ကုလားအုတ်က ခြေထောက်ပေါ် ပြန်ထရပ်ပြီး ခရီးဆက်ဖို့ စတင် လိုက်ပါလာတယ်။ ပထမကုန်သည်က "ဘာတွေ ဖြစ်နေတာလဲ" ဆိုပြီး ဘာတစ်ခုမှ နားမလည်နိုင် ဖြစ်နေခဲ့တယ်။ ထိုအခါမှ သူ့သူငယ်ချင်းက ရှင်းပြတယ်။ "ဒီကုလားအုတ်ဟာ ဘယ်သွားသွား အမြဲတမ်း ကြိုးနဲ့ တုပ်ခံရတဲ့ အကျင့်ဖြစ်နေပြီ။ သူဟာ သူ့ရဲ့ လည်ပင်းကို လူလက်နဲ့ ထိလိုက်တာနဲ့ တုပ်ခံရပြီ လို့ ခံစားရပြီး သူ့ဘာသာ ထိုင်နေလိုက်တာ။" "မင်းရဲ့ သူငယ်ချင်းက အဲ့ဒီအတိုင်း ဟန်ဆောင်ပြီး လုပ်တဲ့အခါ သူဟာ မမြင်ရတဲ့ ကြိုးနဲ့ တုပ်ခံထားရပြီ လို့ ထင်ပြီး၊ လွတ်မြောက်ပြီ လို့ မခံစားရမချင်း ဘယ်မှ မသွားဖို့ ကြိုးစားတော့တာပဲ" လို့ ပြောလိုက်ပါတော့သတဲ့။
ပုံပြင်ကပေးသော သင်ခန်းစာ (Moral)
အတိတ်က အချိန်ကာလများ က သင့်နဲ့အတူ အမြဲရှိနေမှာ မဟုတ်ပါဘူး။ သင့်ရဲ့ ပစ္စုပ္ပန်ကို အာရုံစိုက်ပါ ပြီးတော့ သင်ရရှိထားတဲ့ အခွင့်အလမ်းအသစ်တွေနဲ့ အရည်အချင်းအသစ်တွေ ကို နားလည်ပြီး လက်ခံလိုက်ပါ။
(ကျွန်ုပ်တို့သည် မရှိတော့သည့် အတိတ်က အစွဲအလမ်း၊ အကျင့်များ၊ အတွေ့အကြုံများ၏ စိတ်ပိုင်းဆိုင်ရာ ကြိုးများ ဖြင့် မိမိကိုယ်ကို တုပ်နှောင်ထားလေ့ရှိသည်)