တရုတ်ထုတ် Chengdu J-10C တိုက်လေယာဉ် အစင်း ၄၀ ကျော် အင်ဒိုနီးရှား ဝယ်မယ်

အင်ဒိုနီးရှားစစ်တပ်ဟာ တရုတ်နိုင်ငံထုတ် တရုတ်ထုတ် Chengdu J-10C တိုက်လေယာဉ် ၄၂ စင်းထက်မနည်း ဝယ်ယူမယ်လို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒါဟာ အနောက်နိုင်ငံမဟုတ်တဲ့ နိုင်ငံတနိုင်မှ ပထမဆုံးသော လေယာဉ်ဝယ်ယူမှုလည်းဖြစ်ပြီး အင်ဒိုနီးရှားစစ်တပ် ခေတ်မီစေဖို့ အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ရှာဖရီရှာဆိုဒင်က ဆိုပါတယ်။
သဘောတူညီချက်ကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ တိုးလာနိုင်ပြီး ပထဝီနိုင်ငံရေးအရ သက်ရောက်မှုများ ရှိနိုင်ကြောင်း အကဲခတ်တွေက ဆိုပါတယ်။ လေယာဉ် မကြာမီမှာ ဂျကာတာကို ရောက်မယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
Chengdu J-10C တိုက်လေယာဉ်တွေ ဝယ်ယူဖို့ အစီအစဉ်ကို ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ပြီးခဲ့တဲ့လမှာ ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ။ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ရှိတဲ့ တရုတ်နိုင်ငံမှ လေယာဉ်ဝယ်ယူမှုအတွက် ဘတ်ဂျက်ကို အတည်ပြုခဲ့ပြီးကြောင်း အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီးက ပြီးခဲ့တဲ့နေ့မှာ ပြောပါတယ်။
အင်ဒိုနီးရှားဟာ စစ်တပ်ကို အဆင့်မြှင့်တင်ဖို့နဲ့ ခေတ်မီစေဖို့ သမ္မတ ပရာဘိုဝိုဆူဘီယန်တို လက်ထက်မှာ တွန်းအားပေးလုပ်ဆောင်နေပါတယ်။ ဆူဘီယန်တိုဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၉ ခုနှစ်မှာ တရုတ်၊ ပြင်သစ်၊ ရုရှား၊ တူရကီနဲ့ အမေရိကန်ကို သွားရောက်ကာ စစ်လက်နက်စနစ်အသစ်တွေနဲ့ ထောက်လှမ်းရေး၊ ကာကွယ်ရေး နည်းပညာတွေ ဝယ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။
လက်ရှိ အင်ဒိုနီးရှားလေတပ်မှာ အမေရိကန်၊ ရုရှား၊ ဗြိတိန်ထုတ် တိုက်လေယာဉ်တွေအသုံးပြုနေပြီး အချို့ကို အဆင့်မြှင်တင်ဖို့နဲ့ အချို့ကိုတော့ အစားထိုးဖို့ လိုအပ်နေပါတယ်။

image