Disk (C အနီပြနေတာ ဘာကြောင့်လဲ? ဘယ်လိုဖြေရှင်းရမလဲ?
++++++++++++++++++++++++++++++++++++++
ကွန်ပျူတာသုံးတဲ့သူတိုင်း Disk (C မှာအနီ‌ပြနေတာကို မြင်ဖူးကြမယ်လို့ထင်ပါတယ်။ အဲဒီအနီပြတာက ဘာကိုဆိုလိုတာလဲဆိုရင် — သင့် System Drive (C မှာ လွတ်တဲ့ memory/space နည်းနည်းပဲကျန်နေပြီဆိုတဲ့ သတိပေးချက်ပါ။
ဘာကြောင့် အနီပြလဲ?🤔
✨Windows System Files – Update များ၊ Cache များကြောင့် system file size ကြီးလာတတ်ပါတယ်။
✨Software & Program များ – C drive ထဲမှာ သွင်းထားတဲ့ application တွေ၊ games တွေက နေရာများများစားပါတယ်။
✨Downloads Folder – မဖျက်ဘဲ စုထားတဲ့ file များကြောင့်လဲ Drive နေရာပြည့်တတ်ပါတယ်။
✨Temporary Files – Browser cache, Windows temp file တွေ များလာတာကြောင့်ဖြစ်ပါတယ်။
✨Recycle Bin မလွတ်ခြင်း – ဖျက်ထားတဲ့ file တွေ Recycle Bin ထဲမှာနေရင်လည်း C drive ကို ဆက် occupy လုပ်နေပါတယ်။
⚠️ ဘာတွေဖြစ်လာနိုင်မလဲ?
++++++++++++++
ကွန်ပျူတာ နှေးလာမယ်။
Program တချို့ မဖွင့်နိုင်တော့ဘဲ error ပြတတ်တယ်။
Update တွေ install မဖြစ်နိုင်တော့ဘဲ system error တွေဖြစ်တတ်တယ်။
✅ ဖြေရှင်းနည်း (Step by Step)�Disk Cleanup သုံးပါ။�Start > Search “Disk Cleanup” > C Drive ရွေး > Temporary Files, System Cache, Recycle Bin အကုန်ရွေးပြီး Clean လုပ်ပါ။
2. မသုံးတဲ့ Program / Games တွေ ဖျက်ပါ
Control Panel > Programs > Uninstall a Program > မသုံးတဲ့ software တွေကို ဖျက်ပါ။
3. Personal Files တွေရွှေ့ပါ။
Photos, Videos, Movies တို့ကို D Drive သို့မဟုတ် External HDD/SSD ထဲကိုရွှေ့ပါ။
4. Recycle Bin ကို Empty လုပ်ပါ။
Desktop ပေါ်က Recycle Bin ကိုမကြာခဏ ရှင်းပေးပါ။
5. Storage Sense သုံးပါ (Windows 10/11)
Settings > System > Storage > Storage Sense ကို ON လုပ်ထားပါ။
6. System Restore Point မလိုအပ်တာတွေ ဖျက်ပါ။
Control Panel > System > System Protection ထဲဝင်ပြီး Restore Point မလိုတာတွေကို Delete လုပ်ပါ။
🌟အကြံပြုချက်
=========
C Drive ကို အနည်းဆုံး 15% – 20% လောက် အလွတ်ထားပါ။
တစ်လတစ်ကြိမ်လောက် Disk Cleanup လုပ်ပေးတာက PC ကို မြန်ဆန်စေပါတယ်။
C drive ကို System Drive အတွက်ပဲ သုံးပြီး Personal Data မထားတာ အကောင်းဆုံးဖြစ်ပါတယ်။
#crd_to_owner_with_respect

image