3 ပတ် - ဘာသာပြန်ပါ။

၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခန်းဆင်းရန် အင်္ဂလန်အသင်း ဆွေးနွေးနေ

အောက်တိုဘာ ၁၇

အက်ဖ်အေဟာ ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းအား အင်္ဂလန်အသင်း အသုံးပြုနိုင်ရေးအတွက် ကလပ်ပူးတွဲပိုင်ရှင် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ခမ်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်၊

သောမတ်စ်တူချယ်ဦးဆောင်တဲ့ အင်္ဂလန်အသင်းဟာ အင်္ဂါနေ့တုန်းက လတ်ဗီးယားကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။

အင်္ဂလန်ဟာ ကမ္ဘာ့ဖလားစောစီးစွာ အောင်မြင်လာမှုနှင့်အတူ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ရေး ပြင်ဆင်ချိန်အပြည့်အဝ ရရှိနေပါတယ်။

ယနေ့တွင် Sky Sports ရဲ့ ဖော်ပြလာမှုအရ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးစခန်းအား အသံးပြုကာ ပူနွေးရာသီ လေ့ကျင့်ခန်းဆင်းမှု ပြုလုပ်ရေး ဆွေးနွေးနေကြောင်း သိရပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများဟာ ဒေးဗစ်ဘက်ဟမ်းကို တရားဝင် ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ထားပေမယ့် အတိအကျတော့ မဆုံးဖြတ်ရသေးပါဘူး။

အက်ဖ်အေဟာ လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုမဲခွဲပြီးဆုံးချိန်တွင်မှ ဘယ်နေရာတွင် အခြေစိုက်မှု ပြုလုပ်ရမလဲဆိုတာ ဆုံးဖြတ်ရပါမယ်။

အင်တာမိုင်ယာမီပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ဟမ်းဟာ အင်္ဂလန်အသင်းတွင် ကစားစဉ်တုန်းက ၁၁၆ ပွဲကစားကာ ပွဲအများဆုံးကစားသူ စံချိန်တင်ခဲ့ဖူးပြီး ၂၀၁၆ ခုနှစ်တွင် ဝိန်းရွန်းနီရဲ့ ရိုက်ချိုးခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်အသင်းကို ခြောက်နှစ်တိုင်တိုင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဒေးဗစ်ဘက်ဟမ်းဘက်ကလည်း အင်္ဂလန်အသင်းအောင်မြင်မှု ရရှိရေး အတတ်နိုင်ဆုံးကူညီရန် အသင့် ရှိနေပါတယ်။

ဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီဟာ ကွင်းခြောက်ကွင်းပါ Floria Blue Training Center တွင် လေ့ကျင့်နေတာ ဖြစ်ပြီး အနီးတွင် ပရိသတ် ၁၉၁၀၀ ဆန့် Chase Stadium လည်း ရှိပါတယ်။

#ဘောလုံးသတင်းစုံ

image