3 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်ဂန္ထဝင်နှင့် လီဗာပူးဂန္ထဝင်တို့ ထိပ်တိုက်ရင်ဆိုင်လာမယ့် လေယာဉ်ကွင်းဟောင်းကို ပြောင်းလဲ တည်ဆောက်ထားတဲ့ ပေါင် ၃ ဘီလီယံတန် အားကစားလေ့ကျင့်ရေးစခန်း
======================

ယူနိုက်တက်နှင့် လီဗာပူးဂန္ထဝင်ကစားသမားတို့ဟာ စနေနေ့တွင် ဟောင်ကောင်ရှိ ပေါင် ၃ ဘီလီယံတန် အားကစားစခန်းမှာ ရင်ဆိုင်လာပါမယ်။

Steven Gerrard XI နှင့် Rio Ferdinand XI တို့ဟာ ခေတ်မီ အဆင့်မြင့်တည်ဆောက်ထားတဲ့ Kai Tak Stadium မှာ ရင်ဆိုင်လာမှာလည်း ဖြစ်ပါတယ်။

ဒီကွင်းက ပရိသတ် ၅၀၀၀၀ ဆန့်ပြီး ယခင် Kai Tak Airport ကို ပေါင် ၃ ဘီလီယံ အကုန်အကျခံ ပြောင်းလဲ တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

ဟောင်ကောင်လေဆိပ်ကို ၁၉၉၈ ခုနှစ်တွင် ပိတ်သိမ်းလိုက်ပြီးနောက် နှစ်အတန်ကြာတဲ့အထိ စွန့်ပစ်ခြင်းခံခဲ့ရပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ ယင်းလေဆိပ်ဟောင်းရှိရာ Kowloon District အလုံးစုံကို အားကစားလေ့ကျင့်ရေးစခန်းအဖြစ် ပြောင်းလဲ တည်ဆောက်လိုက်တာလည်း ဖြစ်ပါတယ်။

မြေဧက ၂၈ ဟတ်တာမှာ ယခုအပတ်အကုန် လီဗာပူးနှင့် ယူနိုက်တက်ဂန္ထဝင်အသင်းတို့ ရင်ဆိုင်မယ့် ကွင်းလည်း ပါဝင်ပါတယ်။ ဒီအားကစားလေ့ကျင့်ရေးစခန်းမှာ ပရိသတ် ၁၀၀၀၀ ဆန့် Indoor Arena ပါဝင်သလို ကျန်းမာရေးနှင့် အားကစားလှုပ်ရှားမှုစင်တာများလည်း ပါဝင်ပါတယ်။

စနေနေ့ညမှာ ကစားမယ့် ပွဲက ဒီကွင်းမှာ ပထမဆုံးကစားမယ့်ပွဲတော့ မဟုတ်ပါဘူး။

Kai Tak Stadium မှာ စံချိန်တင်ပရိသတ်လာကြည့်မှုအဖြစ် ဇူလိုင်လတုန်းက စပါးစ်က အာဆင်နယ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲ ရပ်တည်နေပြီး ပရိသတ် ၄၉၉၇၅ လာကြည့်ခဲ့ပါတယ်။

စနေနေ့က ယူနိုက်တက်ဂန္ထဝင်အသင်းမှာ ဒီမီထရီဘာဘာတော့ဗ်၊ နီမင်ဂျာဗီဒစ်၊ နစ်ကီဘတ်တို့ ပါဝင်လာကြမှာ ဖြစ်ပြီး စတီဗင်ဂျရတ်အသင်းမှာလည်း ဆာမီဟစ်ပီယာ၊ ဂျာဇီဒူးဒက်ဇ်၊ ဂျွန်အာနီရီစီတို့ ပါဝင်ပါမယ်။

ဒီပွဲကို Red On Red လို့ အမည်ပေးထားပြီး ဒေသတွင်းစံတော်ချိန် ညနေ ၅ နာရီမှာ ကစားပါမယ်။

Kai Tak Stadium ရဲ့ Indoor Arena မှာ ယခုနှစ် အစောပိုင်းက ကျင်းပခဲ့တဲ့ World Grand Prix စနူကာပြိုင်ပွဲအပါအဝင် ပြိုင်ပွဲများစွာ ကျင်းပခဲ့ပြီးလည်း ဖြစ်ပါတယ်။

image