3 w - Translate

ကိုယ့်သမိုင်းကို ကိုယ်ကိုတိုင်ရေးရမယ်

မင်းဒုက္ခရောက်နေချိန်မှာ.
ဘယ်သူ့ကိုမှ.အသနားမခံပါနဲ့.
ရုန်းထွက်နိုင်အောင်ပဲ..
ကြိုးစားပါ။

မင်းခံစားနေရချိန်မှာ.ဘယ်သူ့ရှေ့မှာမှ.
မျက်ရည်ခံမထိုးပါနဲ့.
လူတွေမင်းကို ကြိတ်လှောင်ကြလိမ့်မယ်။

မင်း ကျရှုးနေချိန်မှာ.ဘယ်သူကိုမှ
ဒူးထောက်မပြပါနဲ့.မင်းကို သူတိုတွေ
နင်းချေကြလိမ့်မယ်။

မင်းအောင်မြင်နေချိန်မှာ.ဘယ်သူ့ကိုမှ
အပေါ်စီးက မဆက်ဆံပါနဲ့.သူတိုမင်းကို
အထင်သေးသွားလိမ့်မယ်။

မင်းတက်လှမ်းနေတဲ့ လှေခါးထစ်တွေကို
တစ်ချိုက ထိန်းပေးကြလိမ့်မယ်။
တစ်ချိုက ဆွဲချကြလိမ့်မယ်။
တစ်ချိုတွေက တွန်းကန်ကြလိမ့်မယ်။

ဘယ်သူတွေဘယ်လိုပဲ လုပ်လုပ်....
တည့်မက်စွာ သတ္တိရှိရှိတက်နိုင်ဖိုက
မင်းတာ၀န်။

မင်းကြိုးစားနေချိန်မှာ.တစ်ချိုက
အထင်သေးတဲ့မျက်လုံးနဲ့.ကြည့်လိမ့်မယ်။
တစ်ချိုက လှောင်ချင်သလို ခပ်ထေထေ
ဆက်ဆံလိမ့်မယ်။

တစ်ချိုက မင်းကို
မဖြစ်နိုင်တဲ့စကားတွေ.ပြောလိမ့်မယ်.
အဲ့ဒါတွေက.မင်းစိတ်ဓာတ်ကျ.
ရမှာတွေမဟုတ်ဘူး.မခံချင်စိတ်နဲ့
မင်းကြိုးစားရမှာ။

မင်းအားမွေးထား.သူတိုကိုလည်း..
ကျေးဇူးတင်လိုက်.အရေးကြီးဆုံးက
မင်းကြိုးစားနေချိန်မှာ.ဘယ်သူ့ကိုမှ
အဆိုးမြင်ဝါဒနဲ့ မကြည့်နဲ့.ဘယ်သူ့ကိုမှ.
အပြစ်မမြင်နဲ့။

သူတိုအားလုံးက မင်းရဲ့ကျေးဇူးရှင်တွေပဲ။
သူတိုဆီက မင်းအတွက် သင်္ခန်းစာတွေ
ရလိမ့်မယ်.မင်းလူတွေရဲ့စရိုက်တွေကို.
သိလာတဲ့အခါ.မင်းပိုပြီး တက်လှမ်းရတာ
အားရှိလာလိမ့်မယ်။

သူတိုမဖြစ်နိုင်တာတွေ မင်းလုပ်နိုင်ခဲ့တဲ့.
တစ်နေ့.မင်းသူတိုထက်မှာ.မိန့်မိန့်ကြီး.
ပြုံးလိုရတဲ့နေ့ပဲ.တစ်ဖြည်းဖြည်း မင်းဟာ
အချွေရံတွေ ပေါလာလိမ့်မယ်....

ဒါပေမယ့်.မင်းဇွဲရှိမှ.ရမယ်။
ထုခံနိုင်မှရမယ်.အချိန်ကို အကျိုးရှိစွာ
အသုံးချတတ်မှရမယ်။

ဘယ်အရာမဆို.
အရင်းနှီးများရင် အမြတ်စွန်းများများတာသဘာ၀ပါ။