3 ပတ် - ဘာသာပြန်ပါ။

vivo ဖုန်း Review ရင် ဘလိမ်းစရာပျောက်ပြီ 😂
.
vivo ကနေ OriginOS 6 ကို Global အတွက် မိတ်ဆက်လိုက်ပြီး လာမယ့် နိုဝင်ဘာလအတွင်းမှာ စတင်ပြီး vivo V60 | X200 Series | X Fold 5 လိုဖုန်းတွေမှာ အစောဆုံး Stable Update အနေနဲ့ ထုတ်ပေးတော့မှာဖြစ်ပါတယ်။​
ဒီမှာ ကျွန်တော်တို့အတွက် အဓိကမျှော်လင့်နေတာက မြန်မာ Font သေးနေတဲ့ ပြဿနာကို အခု OriginOS 6 မှာ ဖြေရှင်းလိုက်ပြီလားဆိုတာပါ။
အဖြေက - vivo ကနေ OriginOS 6 Update မှာ မြန်မာ Font ပြဿနာကို လုံးဝ ဖြေရှင်းပေးလိုက်ပါပြီ
ဘယ်လိုမျိုးဖြေရှင်းလိုက်သလဲဆိုရင် OriginOS 6 မှာ vivo Sans Font အသစ်ကို ထည့်သွင်းအသုံးပြုလိုက်တာပဲဖြစ်ပါတယ်။​
vivo Sans Font ဆိုတာက ဘာသာစကားပေါင်း ၃၇၈ ခုအထိ ထောက်ပံ့ပေးနိုင်တယ်။ အဲ့အပြင် System Language အနေနဲ့ အမျိုး ၄၀ ကျော်သတ်မှတ်ထားနိုင်မယ်။​ Font တွေက Dynamic ဖြစ်သွားလို့ Font Size တွေ၊​ Stroke တွေကို လုံးဝအသေးစိတ်ပြောင်းလဲလို့ရမယ်။ စာဖတ်လို့ ပိုပြီးအဆင်ပြေသွားပြီ။​
ပြီးတော့ vivo ဘက်ကနေ Burmese | Thai | Khamar နိုင်ငံတွေအတွက်ပါ သီးသန့် vivo Sans Font တွေကိုပါ ထပ်ပြီး ထုတ်ပေးထားတယ်။​ အခုအောက်က ပုံမှာ သုံးထားတဲ့ Font တွေအကုန်လုံးက vivo Sans MYA VF (Myanmar Font) ကို သုံးပြီး ရေးထားတာပါ။
အဓိပ္ပါယ်က vivo Sans Font ရှိသွားတဲ့အတွက် အရင်ကလိုမျိုး English စာလုံးနဲ့ ယှဥ်ရင် မြန်မာစာလုံးတွေသေးနေတာမျိုးက OriginOS 6 မှာ ရှိတော့မှာမဟုတ်ပါဘူး။ လုံးဝ vivo ကနေ ဖြေရှင်းပေးလိုက်ပါပြီ။​
vivo ကနေ OriginOS 6 Update ကို ၂၀၂၆ အတွင်းမှာ vivo V30 Series ဖုန်းတွေအထိ Software Update ထုတ်ပေးသွားမယ်လို့လည်း ဆိုထားတယ်။ ဆိုတော့ vivo ဖုန်းတွေရဲ့ အဓိကအားနည်းချက်က လုံးဝ ပျောက်သွားပြီလို့ ပြောလို့ရပါပြီ။​
*တကယ်က တခြားဖုန်းတွေမှာ မဖြစ်တဲ့ပြဿနာတစ်ခုကို အခုမှ ဖြေရှင်းပေးတာပဲဆိုပေမယ့် နောက်ဆုံးတော့ vivo ဖုန်းတွေမှာ Software နဲ့ မြန်မာ Font ကြောင့် မဝယ်ချင်ဘူးဆိုတာမျိုး ပျောက်သွားတာကတော့ User တွေအတွက် ပိုကောင်းသွားတာပေါ့...။​

image