“အချိန်တိုင်း ပျော်အောင် နေတတ်တယ်”
ကျွန်မကို ပျော်စေတဲ့အရာတွေ သိပ်များတယ် ။ ပန်းလေးပွင့်တာကစလို့ တိမ်တွေရွေ့နေတာအဆုံး ကျွန်မ မြင်ခွင့်ရတဲ့ အခိုက်အတန့်လေးဟာ သိပ်လှတယ်လို့ပဲ မြင်တယ် ။ ကော်ဖီရနံ့လေးက စိတ်ကို လန်းဆန်းစေသလို ကိုယ် ဖတ်ချင်တဲ့ စာအုပ်လေးတစ်အုပ်ကို အေးချမ်းတိတ်ဆိတ်စွာ ဖတ်နေရတဲ့ အခိုက်အတန့်လေးတွေဟာလည်း ငြိမ်းချမ်းတဲ့ အခိုက်အတန့်လေးပါပဲ ။ ဘဝမှာ မျှော်လင့်ခြင်းတွေကို လျှော့ချလာနိုင်တဲ့ နောက်ပိုင်း ၊ တချို့အရာတွေကို ဥပေက္ခာပြုလာနိုင်တဲ့နောက်ပိုင်း ကျွန်မလေ သိပ်ကို ပေါ့ပါးလာတော့တာ ။ သောကကင်းချင်ရင် တွယ်တာစွဲလမ်းမှုတွေရဲ့ လွှမ်းမိုးမှုကို ရှောင်ရတယ်တဲ့ ။
မရှောင်နိုင်သေးပေမဲ့လည်း လျှော့နိုင်လေလေ ကြည်လင်ငြိမ်သက်တဲ့ စိတ်နှလုံးသားလေးကို ပိုင်ဆိုင်ရလေလေပါပဲ။ ကျွန်မအတွက်တော့ ပျော်စရာတွေ တကယ်ကို များပါတယ် ။
#ယွန်း (Precious Y)

image