၂၅ ခုနှစ် အတွက် နောက်ဆုံးကြယ်မိုးရွာသွန်းခြင်းဖြစ်စဉ်နဲ့အတူ အာကာသကောင်းကင်ထဲက စိတ်ဝင်စားစရာတွေနဲ့ နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်တွေကို အတူတကွလေ့လာနိုင်စေဖို့ ရည်ရွယ်ပြီး ကျွန်တော်တို့ 𝐌𝐀𝐒𝐄𝐒 ကနေ အများပြည်သူအတွက် ကြယ်တာရာကြည့်ရှုပွဲလေးတစ်ခုကိုပြင်ဆင်ထားပါတယ်။
🪐နှစ်စဉ် ဒီဇင်ဘာလ မှာသာ မြင်တွေ့ရလေ့ရှိတဲ့ 𝐆𝐞𝐧𝐢𝐦𝐢𝐝 𝐌𝐞𝐭𝐞𝐨𝐫 𝐒𝐡𝐨𝐰𝐞𝐫 ဟာ မြန်မာနိုင်ငံကနေ မြင်နိုင်တဲ့ ကြယ်မိုးရွာခြင်းဖြစ်စဉ်တွေထဲ ကြယ်မိုးအရေအတွက်အများဆုံးမြင်ရတဲ့ ဖြစ်စဉ်တစ်ခုပါ။
"𝐀𝐛𝐨𝐮𝐭 𝐌𝐀𝐒𝐄𝐒"
🔴ကျွန်တော်တို့ 𝐌𝐀𝐒𝐄𝐒 အဖွဲ့ဟာ နက္ခတ္တဗေဒပညာရပ်တွေကို ပြည်တွင်းရှိ လူငယ်တွေအပါအဝင် အများပြည်သူတွေကြား ပိုမိုပျံ့နှံ့စေဖို့နဲ့ သိပ္ပံအသိပညာ တိုးတက်စေရန် ရည်ရွယ်ပြီး ကြယ်ကြည့်ပွဲတွေ (Star Parties) ကို ၂၀၀၄ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပါတယ်။ ယနေ့တိုင် မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ကြယ်ကြည့်ပွဲတွေ ကျင်းပရာမှာ ပထမဆုံးနဲ့ တစ်ခုတည်းသော အဖွဲ့အစည်းအဖြစ်ရော ရှေ့ဆောင်လမ်းပြအဖြစ်ပါ ရပ်တည်လျက်ရှိပါတယ်။🔴
🌟မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ camping ခရီးစဉ်တွေထဲမှာ 𝐌𝐀𝐒𝐄𝐒 ကပြုလုပ်တဲ့ ကြယ်ကြည့်ပွဲတွေမှာပဲ ရရှိနိုင်တဲ့ ထူးခြားချက်တွေကတော့
၁) နိုင်ငံတကာ နက္ခတ်တာရာအဖွဲ့အစည်း(IAU) ရဲ့ အသိအမှတ်ပြု ပုဂ္ဂိုလ်တစ်ဦးနဲ့အတူတူ ကြယ်တွေအကြောင်းလေ့လာနိုင်မယ်။
၂) ကိုယ်သိလိုတဲ့မေးခွန်းတွေနဲ့ ကြယ်တွေ အကြောင်းကို စိတ်တိုင်းကျမေးမြန်းလို့ရမယ်။
၃) နေအဖွဲ့အစည်းအတွင်းကဂြိုဟ်တွေကို အနီးကပ်ကြည့်ရှုနိုင်မယ့် 𝑻𝒆𝒍𝒆𝒔𝒄𝒐𝒑𝒆 အဝေးကြည့်မှန်ပြောင်း ကို အသုံးပြုပြီး ညကောင်းကင် မှာရှိတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စူးစမ်းလေ့လာလို့ရမှာပါ။🔭✨
ဒါ့အပြင် မိမိတို့သိလိုသမျှ စိတ်ဝင်စားစရာအားလုံးကိုစိတ်ရှည်ရှည်နဲ့ဖြေကြားပေးမှာဖြစ်တဲ့အတွက် အာကာသကောင်းကင်နဲ့ကြယ်တွေရဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းလေ့လာချင်တဲ့ သားသားမီးမီးတွေရှိရင်လည်း ဖေဖေမေမေတွေနဲ့အတူ ကြယ်ကြည့်ပွဲကို လာရောက်လေ့လာနိုင်ပါတယ်။
📌ဒီပွဲလေးတွေကိုတော့ ကလောမြို့ရဲ့ Dark sky location တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ နှစ်စဉ်ပွဲစီစဉ်နေကျ 𝐍𝐚𝐭𝐮𝐫𝐞’𝐬 𝐍𝐢𝐫𝐯𝐚𝐧𝐚 𝐂𝐚𝐦𝐩𝐬𝐢𝐭𝐞 မှာ ကျင်းပသွားမှာဖြစ်ပြီး ပွဲစတင်မယ့်နေ့ရက်တွေကတော့ 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟏𝟑 ရက်နေ့နဲ့ 𝟏𝟒 ရက်နေ့ဖြစ်ပါတယ်။
ဒီအစီအစဉ်လေးမှာ ဘာတွေပါဦးမလဲ?
🌄ကလောမြို့ကိုရောက်ရှိပြီးတာနဲ့ ဆုံမှတ်နေရာတွေကနေ ကျွန်တော်တို့ ပွဲလေးကျင်းပမယ့် နေရာကို ကားနဲ့ အပို့အကြိုလုပ်ပေးမှာဖြစ်ပြီး ညနေစောင်းမှာ ညနေစာထမင်းလက်ဆုံစားကြရင်း အနယ်နယ်အရပ်ရပ်က ကြယ်တာရာချစ်သူတွေ တစ်ယောက်နဲ့ တစ်ယောက်မိတ်ဖွဲ့လို့လည်းရမယ့် အစီအစဉ်လည်းရှိပါတယ်။
ဒါတွေအပြင် ဘယ်မှာမှ မရနိုင်တဲ့ Special Chance တစ်ခုအနေနဲ့-
ဒီပွဲမှာ နိုင်ငံတကာ အသိအမှတ်ပြု ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ဆုံဆွေးနွေးရမယ့် အခွင့်အရေးလည်း ရှိပါသေးတယ်။
⭐️သူကတော့ 𝗧𝗵𝗲 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗔𝘀𝘁𝗿𝗼𝗻𝗼𝗺𝗶𝗰𝗮𝗹 𝗨𝗻𝗶𝗼𝗻 (𝗜𝗔𝗨) ရဲ့ 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗢𝘂𝘁𝗿𝗲𝗮𝗰𝗵 𝗖𝗼𝗼𝗿𝗱𝗶𝗻𝗮𝘁𝗼𝗿နဲ့ 𝐃𝐚𝐫𝐤𝐒𝐤𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 ခေါ် ညကောင်းကင် အလင်းရောင် ညစ်ညမ်းမှုတွေကို အသိပညာပေးတဲ့ အဖွဲ့အစည်းတစ်ခု ရဲ့ မြန်မာလူမျိုး 𝗗𝗮𝗿𝗸 𝗦𝗸𝗶𝗲𝘀 𝗔𝗺𝗯𝗮𝘀𝘀𝗮𝗱𝗼𝗿 တစ်ဦးလည်း ဖြစ်ပါတယ်။
သူကနေပြီး ညကောင်းကင်ကြီးအကြောင်းကို သိပ္ပံနည်းကျ ရှင်းပြပေးမှာဖြစ်သလို၊ ကိုယ်သိချင်တာတွေကိုလည်း မေးမြန်းလို့ရမယ့် အစီအစဉ်နဲ့အတူ ကိုယ့်ရဲ့ အာကာသသိပ္ပံ ဗဟုသုတ စိတ်ဝင်စားမှုကို ဆန်းစစ်နိုင်မယ့် ပျော်စရာ ပဟေဠိအဖြေညှိ အစီအစဉ်တွေလည်းပါဝင်ဦးမှာ ဖြစ်ပါတယ်။⭐️
ဒီပွဲလေးဟာ အနယ်နယ်အရပ်ရပ်က ကြယ်တာရာချစ်သူတွေ ဆုံတွေ့ကြမယ့် Camping အစီအစဉ်လေးလည်းဖြစ်တာမို့
⛺️အိပ်စက်နားနေလို့ရမယ့် Tent တွေ
❄️ဆောင်းညရဲ့အအေးဓာတ်ကို အံတုနိုင်မယ့် နွေးထွေးတဲ့ Sleeping bed တွေနဲ့အတူ
☕️✨ချမ်းအေးလှတဲ့ ကလောညကို မီးပုံမှာ အနွေးဓာတ်ခိုလှုံရင်း အတူတူစကားပြောနိုင်အောင် ညလယ်စာစားစရာတွေနဲ့ ကော်ဖီပူပူလေးတွေကိုလည်း ပြင်ဆင်ပေးထားဦးမှာပါ။
ဒီပွဲလေးကိုတော့ ကျွန်တော်တို့ MASES အနေနဲ့ ကလောအခြေစိုက်အဖွဲ့တွေဖြစ်တဲ့ At Kalaw၊ Kha Yee Sin - ခရီးစဉ် တို့နဲ့ ပူးပေါင်းစီစဉ်တာဖြစ်လို့ အသေးစိတ်အချက်အလက်လေးတွေနဲ့ package ရဲ့ ဈေးနှုန်းလေးတွေ အတွက် ဒီ page တွေရဲ့ Chat Box မှာဖြစ်စေ 09-5109622 နှင့် 09-953303090 တို့ကို ဖုန်းဆက်ပြီးဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🌟"𝐃𝐢𝐬𝐜𝐨𝐯𝐞𝐫 𝐭𝐡𝐞 𝐍𝐢𝐠𝐡𝐭'𝐬 𝐒𝐞𝐜𝐫𝐞𝐭𝐬 & 𝐖𝐢𝐭𝐧𝐞𝐬𝐬 𝐭𝐡𝐞 𝐆𝐞𝐦𝐢𝐧𝐢𝐝 𝐌𝐞𝐭𝐞𝐨𝐫 𝐒𝐡𝐨𝐰𝐞𝐫 𝐰𝐢𝐭𝐡 𝐌𝐀𝐒𝐄𝐒."🌟

image