ချနိုင်းမြိုတစ်ဝိုက်မှာ အမျိုးသမီးငယ်ငယ်လေးတွေချည်းပျောက်ဆုံးပြီး ရက်ရက်စက်စက် အသတ်ခံရတဲ့အမှုတွေဖြစ်ပေါ်နေပါတယ်
လူသတ်သမားဟာဆိုရင် ယောက်ျားလေးတွေ နှစ်ယောက်သုံးယောက်တွဲပြီး ဖောက်ပြန်တဲ့ လိမ်လည်တဲ့မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး သတ်ဖြတ်တာဖြစ်ပါတယ်
ဒါကြောင့်မြိုထဲက မိန်းကလေးတွေဟာသူတိုရဲ့ လုံခြုံရေးအတွက် စိတ်ပူလာကြသလို ရဲအရာရှိတွေအနေနဲ့လည်း
ဖိအားတွေဖြစ်လာတော့တာပေါ့
လူသတ်သမားဟာ ဒီမိန်းကလေးတွေကိုသတ်ဖြတ်တဲ့အခါမှာဆိုရင် ရုပ်ပိုင်းပုံပျက်တဲ့အထိ ဆိုးဆိုးရွားရွားသတ်ဖြတ်ပြီး ရုပ်ထုလိုမျိုးလုပ်ပစ်တာဖြစ်ပါတယ်
ဒီကွင်းဆက်လူသတ်သမားဟာ ဘာလို မိန်းကလေးတွေကိုပဲပစ်မှတ်ထားပြီး ဆိုးဆိုးရွားရွားသတ်ဖြတ်နေရတာလဲ၊
ရဲတပ်ဖွဲတွေအနေနဲ့ရော အမြန်ဆုံးဖမ်းဆီးနိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
