ဒေါင်လိုက်ကူးကူး 
အလျားလိုက်ကူးကူး 
အချိန်ရဲ့မြစ်ဟာ စီးဆင်းနေမှာပဲ။ 
 
လှန်းထားတဲ့အဝတ်အစားတွေ 
မိုးရွာလို့မခြောက်ဘူး။ 
 
မထင်ထားတာတွေဖြစ်ပြီး 
မဖြစ်ခဲ့တာတွေ စိတ်ထဲထင်လာတယ်။ 
 
"သိပ်သိပ်ချစ်ရတဲ့နွဲ့တင်ရယ်"  
ဆိုတဲ့နေရာရောက်ရင် 
အသံဟာ အလိုလိုတိမ်ဝင်သွားပါတယ်။ 
 
-ဆပ်ရိပ်