3 ပတ် - ဘာသာပြန်ပါ။

အလေးချိန် ၂၃၄၆ ပေါင်ရှိတဲ့ ရွှေဖရုံသီးကြီးနဲ့ အလေးဆုံးရွှေဖရုံသီးဆုကြီးကို ဆွတ်ခူးခဲ့သူ
ကယ်လီဖိုးနီးယားပြည်နယ်က အင်ဂျင်နီယာနဲ့ ဥယျာဉ်ခြံမြေဝါသနာရှင် ဘရန်ဒန် ဒေါဆန်ဟာ နှစ်စဉ်ကျင်းပနေကျ ၅၂ ကြိမ်‌မြောက် World Championship Pumpkin Weigh-Off ပြိုင်ပွဲမှာ ထိပ်တန်းဆုကြီးကို ရရှိသွားခဲ့ပါတယ်။ သူ စိုက်ပျိုးခဲ့တဲ့ ရွှေဖရုံသီးကြီးက အလေးချိန် ၂၃၄၆ ပေါင်ရှိပါတယ်။
လျှပ်စစ်ကားထုတ်လုပ်ရေး Rician Automotive မှာ ထုတ်လုပ်ရေးအင်ဂျင်နီယာဖြစ်တဲ့ ဘရန်ဒန်က ရွှေဖရုံသီးအကြီးကြီးတွေကို စိုက်ပျိုးနေခဲ့တာ ၅ နှစ်ရှိပါပြီ။ သူ့အလုပ်မှာ လိုအပ်ခဲ့တဲ့ တိကျတဲ့ကျွမ်းကျင်မှုက မှန်ကန်တဲ့ရေလောင်းပေးမှု၊ နေရောင်ခြည်ကောင်းကောင်းရရှိမှုတွေနဲ့ ရွှေဖရုံသီးကြီးထွားဖို့ ကူညီပေးခဲ့တယ်လို့ ဘရန်ဒန်က ဆိုထားပါတယ်။ ဒီစိုက်ပျိုးခြင်းလုပ်ငန်းစဉ်မှာ သူ့သားသမီးတွေပါဝင်ခဲ့တဲ့အတွက် နှစ်သက်တယ်လို့လည်း ပြောပါတယ်။
ဘရန်ဒန်က အလေးဆုံးရွှေဖရုံသီးကို စိုက်ပျိုးခဲ့တဲ့အတွက် ဆုငွေ ဒေါ်လာ ၂ သောင်းရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ပြိုင်ပွဲတုန်းကတော့ အလေးချိန် ၂၄၇၁ ပေါင်ရှိတဲ့ ရွှေဖရုံသီးကြီးကို စိုက်ပျိုးခဲ့တဲ့ ထရာဗစ် ဂျီအန်ဂျာက ဆုကြီးဆွတ်ခူးခဲ့တဲ့အတွက် သူဟာ ဒုတိယဆုပဲရရှိခဲ့ပါတယ်။
ထရာဗစ်ရဲ့ရွှေဖရုံသီးက ၂၀၂၃ ခုနှစ်ပြိုင်ပွဲမှာလည်း အလေးချိန် ၂၇၄၉ ပေါင်နဲ့ အလေးဆုံးရွှေဖရုံသီးဖြစ်ခဲ့တဲ့အပြင် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ အခုနှစ်မှာတော့ ထရာဗစ်က ပြိုင်ပွဲထဲမဝင်ရောက်ခဲ့ပါဘူး။ ဒါ့အပြင် အခုလအစောပိုင်းမှာ အမြွှာညီအစ်ကိုက အလေးချိန် ၂၈၁၉ ပေါင်ရှိတဲ့ ရွှေဖရုံသီးကြီးနဲ့ ထရာဗစ်ရဲ့ကမ္ဘာ့စံချိန်ကို ချိုးခဲ့သွားခဲ့ပါတယ်။
Ref: California engineer wins pumpkin contest with 2,346-pound gourd

image