⬛သန်လျင်မြို့မဈေးအနီးရှိ မြဟံသာရုပ်ရှင်ရုံ မီးလောင် 
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့မဈေးအနီးရှိ မြဟံသာရုပ်ရှင်ရုံတွင် ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်) ည ၈ နာရီ ၁၇ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ 
အဆိုပါမီးလောင်မှုကို သန်လျင်မြို့နယ်မီးသတ်စခန်းမှမီးသတ်ယာဉ်များ ငြှိမ်းသတ်ခဲ့ရပြီး ည ၈ နာရီ ၄၃ မိနစ်ခန့်က မီးငြိမ်းသွားကြောင်းသိရသည်။ 
မီးလောင်ရသည့်အကြောင်း ရင်းနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို မီးသတ်မှစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။ 
သတင်း - ပိုင်လေး 
ဓာတ်ပုံ - MFSD 
#ပြည်တွင်းသတင်း