3 ပတ် - ဘာသာပြန်ပါ။

#ကြက်ပဲရည်သုပ်
အလွန်လွယ်ပြီးအလုပ်မရှုပ်
ကြက်သားနဲ့သေချာသန့်စင်ထားတဲ့ကြက်မြစ်ကို
ဆား,ဆနွမ်း , ဇီယာမှုန့်(အနည်းငယ်ထည့်) နယ်ထား
ပြုတ်မဲ့အိုးမှာ ဆီလေးနဲနဲ့ထဲ့ပြီး ဂျင်း၊ကြက်သွန်ဖြူထောင်းထည့်၍ ရေဖြင့် မိနစ်၃၀ခန့်ပြုတ်ပါ။
ကြက်သားမှထွက်လာသော အမြှပ်နှင့်ဆီများအားဖယ်ထုတ်ပစ်ပါ။
အသားနူး ,ကြက်အသည်း မြစ် နူးအောင်လုံးပြုတ်လေး ပြုတ်လုံးထား ဒါဆို ကြက်သားနဲ့ကြက်အသည်းအမြစ်ရပါပြီ
ပဲစိမ်းမှုန့်ထမင်းစားဇွန်း၄ဇွန်းခန့်နှင့်ဆား,(ဆနွင်းအနည်းငယ် )ထည့်၍ရေဖျော်ထားပါ။
ရေနွေလေးဆူအောင်တည် ဆူတဲ့အခါ ဖျော်ထားသော ပဲရည်ကို ထည့်ကျို ဝေမကျအောင်မပြတ်မွှေပေးနေ
ပဲစိမ်းနံ့ ဆနွမ်းမှုန့်နံ့ပျောက်အောင်အကျိုနာနာကျို(မီးအလယ်အလတ်နဲ့၁၅မိနစ်လောက်ဆိုရတယ်) ဟင်းရည်မှာပါအနံ့လေးပိုမွှေးချင် ဖာလာစေ့လေး ၂-၃စေ့ ပစ်ထဲ့ထားလိုက် (စားတဲ့အခါတော့မဝါးမိစေနဲ့) ပဲရည်အကျိုနာပြီဆို ပဲရည်ကျက်ပါပြီ
ပုံပါအတိုင်း( ကြက်သွန်နီ ,ဂေါ်ဖီ, ပူစီနံ ,စတာတွေပါ) ပါးပါးလှီးထည့်
ပြုတ်ထားတဲ့ကြက်သား ကြက်မြစ် အနေတော်အရွယ်လီ'ထည့် ပြီးရင် ကြက်ပဲရည် စမ်လောင်းပေးလိုက်ပါ
အရသာရှိစွည သုံးဆောင်နိင်ပါပြီ
ငြုပ်သီးစိမ်းလှီးထည့်လို့လဲရသလို ငြုပ်သီးလှော်မှုန့်အသုံးပြုလည်း ရပါတယ်

image