#ကြက်ပဲရည်သုပ် 
အလွန်လွယ်ပြီးအလုပ်မရှုပ် 
ကြက်သားနဲ့သေချာသန့်စင်ထားတဲ့ကြက်မြစ်ကို 
ဆား,ဆနွမ်း , ဇီယာမှုန့်(အနည်းငယ်ထည့်) နယ်ထား 
ပြုတ်မဲ့အိုးမှာ ဆီလေးနဲနဲ့ထဲ့ပြီး  ဂျင်း၊ကြက်သွန်ဖြူထောင်းထည့်၍ ရေဖြင့် မိနစ်၃၀ခန့်ပြုတ်ပါ။ 
ကြက်သားမှထွက်လာသော အမြှပ်နှင့်ဆီများအားဖယ်ထုတ်ပစ်ပါ။ 
အသားနူး ,ကြက်အသည်း မြစ် နူးအောင်လုံးပြုတ်လေး ပြုတ်လုံးထား ဒါဆို ကြက်သားနဲ့ကြက်အသည်းအမြစ်ရပါပြီ 
ပဲစိမ်းမှုန့်ထမင်းစားဇွန်း၄ဇွန်းခန့်နှင့်ဆား,(ဆနွင်းအနည်းငယ် )ထည့်၍ရေဖျော်ထားပါ။ 
ရေနွေလေးဆူအောင်တည် ဆူတဲ့အခါ ဖျော်ထားသော ပဲရည်ကို ထည့်ကျို ဝေမကျအောင်မပြတ်မွှေပေးနေ 
ပဲစိမ်းနံ့ ဆနွမ်းမှုန့်နံ့ပျောက်အောင်အကျိုနာနာကျို(မီးအလယ်အလတ်နဲ့၁၅မိနစ်လောက်ဆိုရတယ်) ဟင်းရည်မှာပါအနံ့လေးပိုမွှေးချင် ဖာလာစေ့လေး ၂-၃စေ့ ပစ်ထဲ့ထားလိုက် (စားတဲ့အခါတော့မဝါးမိစေနဲ့) ပဲရည်အကျိုနာပြီဆို ပဲရည်ကျက်ပါပြီ 
ပုံပါအတိုင်း( ကြက်သွန်နီ ,ဂေါ်ဖီ, ပူစီနံ ,စတာတွေပါ)  ပါးပါးလှီးထည့် 
ပြုတ်ထားတဲ့ကြက်သား ကြက်မြစ် အနေတော်အရွယ်လီ'ထည့် ပြီးရင် ကြက်ပဲရည် စမ်လောင်းပေးလိုက်ပါ  
အရသာရှိစွည သုံးဆောင်နိင်ပါပြီ  
ငြုပ်သီးစိမ်းလှီးထည့်လို့လဲရသလို  ငြုပ်သီးလှော်မှုန့်အသုံးပြုလည်း ရပါတယ်


