#ဆေးဖက်ဝင်နန်းလုံးကြိုင်
#အခေါက်၊ အရွက်၊ အမြစ်တို့သည်ဆေးဖက်ဝင်အစိတ်အပိုင်းများဖြစ်သည်။မြန်မာ ဆေးကျမ်းများ အလိုအရ အခေါက်သည် ခါး၏ ၊ ပူ၏ ၊ စပ်၏ ၊ အဆိပ်ကို ပယ်တတ်၏။
#သွေးဖောက်ပြန်ခြင်း ၊ ယားယံခြင်း နှင့် အနာပေါက် ရောဂါတို့၌ အကျိုးပြု၏။ အစေးသည် ချို၏။ ခွန်အားကို
ဖြစ်စေ၏။
#ကာ_မကို အားပေး၏ အခေါက်ကိုဆန်ဆေးရည်နှင့်သွေး သောက် အခေါက်ကို သနပ်ခါးနှင့်ရော၍ လိင်အဂ်ါကိုလိမ်း ကာမအမှု အပြီးဆုံးတိုင် လိုရာပန်းတိုင်ရောက်၏ ။
#သွားနာ၊ သွားဖုံးရောင်ရောဂါ၊ ပြည်တည်ရောဂါများ သွေးယိုစီးသောရောဂါများ၊ ဝမ်းအရည်သွား ရောဂါများ၊ ညောင်းကျရောဂါ၊ လိင်အင်္ဂါသေးသော ရောဂါများအတွက် အသုံးပြုသည်။
#ဆေးဖက်ဝင်အသုံးပြုပုံ
၁။ ညောင်းကျရောဂါ၊ ဆီးပူရောဂါများဖြစ်လျှင် နန်းလုံးကြိုင် အရွက်နုကိုကြိတ်၍ ဆီးသီးကင်း ခန့်လုံးပြီး နံနက်၊ ညတစ်လုံးစီ သောက်ပေးပါ။
၂။ ဝမ်းအရည်သွားလျှင်၊ ဝမ်းပျက်လျှင် နန်းလုံးကြိုင် အခေါက်ပြုတ်ရည်ကို မတ်ခွက်တစ်လုံးစာ တဖြည်းဖြည်းချင်း သောက်ပေးပါက ဝမ်းရပ်စေသည်။
၃။ သွားနှင့် သွားဖုံးရောဂါများ သွားနာကျင်ခြင်း၊သွားဖုံးရောင်ခြင်း၊ ပြည်တည်ခြင်း၊ သွေးယိုစီးခြင်းများဖြစ်လျှင် အခေါက်ကို အဖန်ရည်ကျကျဖြစ်အောင် ရေထက်ဝက်ခန့်ပြုတ်ပြီး ငုံပေးပါ။ အာလုတ်ကျင်းပေးပါ။
၄။ အမျိုးသားလိင်အင်္ဂါ သေးငယ်သူ၊ ကြီးထွားမှု အားနည်းသူ၊ ဆန္ဒမပြည့်ဝသူများသည် နန်းလုံးကြိုင်အမြစ်ကို သွေး၍ လိင်အင်္ဂါတွင် လိမ်းပေးနိုင်သည်။ ကြီးထွားမှုဖြစ်စေသည်ဟု နန်းတွင်းဆေးကျမ်းများတွင် အဆိုရှိသည်။
၅။ ခန္ဓာကိုယ်တွင် အစက်အပြောက်များထွက်ခြင်း၊ အဖုအပိမ့်အကွက် အင်ပျဉ်များ ထွက်ခြင်းဖြစ်လျှင် နန်းလုံးကြိုင်အရွက်များကို ခူး၍ ပြုတ်ပြီး ရေချိုးပေးခြင်း၊ ရွက်သတ္တုရည်ဖြင့် ပွတ်၍ လိမ်းကျံပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။
၆။ ဆူးစူးလျှင်၊ ဆူးပြန်မထွက်လျှင် နန်းလုံးကြိုင်ပင်မှ အစေးကိုယူ၍ ဆူးစူးသော အပေါက်တွင်းသို့ ထည့်ပေးလျှင် ဆူးပြန်ထွက်စေနိုင်သည်။
၇။ ညအိပ်မပျော်သူများသည် နန်းလုံးကြိုင်ပင်မှ အပွင့်ကလေးများကို ပိတ်စတွင်ထုပ်၍ အနံ့ရှူပေးခြင်းဖြင့် အိပ်ပျော်စေနိုင်သည်။
၈။ နှစ်ခြိုက်စွာ အိပ်မပျော်သူများသည် နန်းလုံးကြိုင်အပွင့်ကို ကံ့ကော်ဝတ်ဆံနှင့် ရော၍ သွေးဆေးတွင် ထည့်၍ဖော်စပ်ပြီး တိုက်ကျွေးပါကအိပ်ပျော်စေနိုင်သည်။
၉။ နန်းလုံးကြိုင်အစေ့ကို အမှုန့်ကြိတ်၍ ပျားရည်နှင့်စိမ်ပြီး စားသုံးပေးပါက ကျား၊ မခွန်အားဖြစ်စေနိုင်သည်။
#crd
