◾️ရုရှားရေနံဝယ်ယူမှုရပ်တန့်ရန်မိုဒီသဘောတူလိုက်ပြီဟုထရန့်ပြော
ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုတစ်စိတ်တစ် ပိုင်းအနေဖြင့်အမေရိကန်က ကရင်မလင်အပေါ် စီးပွားရေးအရ ဖိအားပေးရန်ကြိုးစားနေစဉ် ရုရှားရေနံဝယ်ယူမှုကို ရပ်တန့်ရန် အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ က သဘောတူလိုက်ပြီဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့် က ပြောကြားသည်။
အိန္ဒိယက ၎င်း၏ဝယ်ယူတင်သွင်းမှုများကို အချိန်တိုအ တွင်း ရပ်တန့်သွားမည်ဟု မိုဒီထံမှ အာမခံချက်ရရှိထားကြောင်းထရန့်ကသတင်းထောက်များအားပြောကြားခဲ့ပြီး“ကြီးမားတဲ့ရပ်တန့်မှု”ဟုသုံးနှုန်းခဲ့သည်။
၎င်း၏ပြောကြားချက်အပေါ်ဝါရှင်တန်ရှိအိန္ဒိယသံရုံးမှပြောရေးဆိုခွင့်ရှိသူအ မျိုးသမီးကမှတ်ချက်မပေးပေ။
အမေရိကန်သမ္မတသည် ၎င်း၏ကုန်သွယ်ရေးစစ်ပွဲတွင် အိ န္ဒိယ၏ ရုရှားရေနံဝယ်ယူမှုကို ဖိအားပေးရန် ကြိုးပမ်းခဲ့သော်လည်း ဒေလီက ငြင်းဆန်ခဲ့ပြီးနောက် သံတမန်ရေးရာ အကွဲအပြဲများကိုဖြစ်ပေါ်စေခဲ့သည်။
အိန္ဒိယနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်ရန် စိတ်ဝင်စားကြောင်း ပြသခဲ့သည့် အမေရိကန် အစိုးရအဖွဲ့နှင့် ဆွေးနွေးမှုများ ဆက်လုပ်နေကြောင်း အိန္ဒိယအစိုးရ ပြောရေးဆိုခွင့်ရှိသူကထရမ့်၏ မှတ်ချက်ကို တုံ့ပြန် ပြောကြားသည်။
"မတည်ငြိမ်တဲ့ စွမ်းအင်အခြေအနေမှာ အိန္ဒိယပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့က ကျွန်တော်တို့ရဲ့ လုံးဝဦး စားပေးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့သွင်းကုန်မူဝါဒတွေကို ဒီရည်ရွယ်ချက်နဲ့ လုံးလုံးလျားလျား လမ်းညွှန်ထားပါတယ်။" ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူကဆိုသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့သည် ရုရှားနိုင်ငံ၏ အကြီးမားဆုံး ပို့ကုန်ဖြစ်ပြီး မော်စကို၏ အကြီးဆုံးဖောက်သည်များမှာ တရုတ်၊ အိန္ဒိယနှင့် တူရကီတို့ဖြစ်သည်။
မော်စကို၏ စွမ်းအင်ရန်ပုံငွေကို ဖြတ်တောက်ရန် အမေရိကန်အစိုးရအဖွဲ့၏ပိုမိုကျယ်ပြန့်သော တွန်းအားပေးမှုတစ်စိတ်တစ်ပိုင်းအနေဖြင့်တရုတ်ကလည်းအလားတူလိုက်ပါရန်၎င်းတို့အနေဖြင့်ရအောင်လုပ်ရမည်ဟုထရန့် က ဗုဒ္ဓဟူး နေ့တွင်ဘဲဥပုံရုံးခန်း ၌ ပြောကြားသည်။
ရုရှားမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုကို ရပ်တန့်ရန် ဂျပန်နိုင်ငံကိုလည်းထရန့်အစိုးရအဖွဲ့က တွန်းအားပေးနေပြီး ဗုဒ္ဓဟူးနေ့တွင် ဝါရှင် တန် သို့အလည်အပတ်ရောက်ရှိနေသော ဂျပန်ဘဏ္ဍာရေးဝန်ကြီးကတ်ဆူနိုဘူကာတိုအား အမေရိကန်ဘဏ္ဍာရေးဝန်ကြီးစကော့ဘက်ဆန့် က အ ဆိုပါမျှော် လင့်ချက်ကိုပြောကြားခဲ့သည်။
သို့ရာတွင် ရုရှားရေနံတင်သွင်းမှုကိုအိန္ဒိယကချက်ခြင်း ရပ် တန့်နိုင်ဦးမည်မ ဟုတ်ဘဲ အပြောင်းအလဲမှာ လုပ်ငန်းစဉ်အ နည်းငယ်သာရှိမည်ဖြစ်သော်လည်းမကြာမီအဆုံးသတ်တော့မည်ဟုထရန့်ကပြောကြားသည်။
ရုရှားရေနံနှင့် လက်နက်များဝယ်ယူမှုအတွက် ထရန့်အစိုးရက ဒေလီအား ဒဏ်ခတ်ခြင်းအဖြစ် သတ်မှတ်ထားသော အိန္ဒိယမှ ကုန်ပစ္စည်းများအပေါ်အခွန် ၅၀ ရာ ခိုင် နှုန်း စည်းကြပ် ထားသည်။
ယင်းစည်းကြပ်မှုကဩဂုတ်လတွင် စတင်အသက်ဝင်ခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံးအခွန် အကောက်များထဲတွင်ပါဝင်ခဲ့ကာ ယူကရိန်းစစ်ပွဲအတွက် အဓိကရန်ပုံငွေဖြစ်သည့် ရုရှားနှင့် အရောင်းအဝယ်ပြုလုပ်ခြင်းအတွက်၂၅ ရာခိုင်နှုန်း ဒဏ် ခတ်မှုလည်း ပါဝင်သည်။
ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နှင့်နီးကပ်သည့်ဆက် ဆံရေးရှိနေသော် လည်း ရုရှား-ယူကရိန်းစစ်ပွဲတွင် အိန္ဒိယက ကြားနေအဖြစ် မိုဒီက လပေါင်းများစွာ ရပ်တည်ခဲ့သည်။
အိန္ဒိယသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အကြီးဆုံးဖြစ်သည့် ၎င်း၏စီးပွားရေးကို ကျားကန်ရန် ဒေလီကလျှော့စျေးဖြင့်ဆက်လက်ဝယ်ယူနေသည့် ရုရှားရေနံစိမ်းအပေါ် မှီခိုနေရသည်။
သတင်း-လင်းခေတ်
ကိုးကား-BBC
#နိုင်ငံတကာသတင်း
