3 ရက် - ဘာသာပြန်ပါ။

ပေါင် ၂ သန်းနေအိမ်ကို ဖောက်ထွင်းသမားများ စီးနင်းရန် ကြိုးပမ်းလာမှုကြောင့် ရဲကို အကြောင်းကြားခဲ့ရတဲ့ ကီရန်ထရစ်ပီယာရဲ့ ဇနီးဟောင်း
===================

ပရီးမီးယားလိဂ်စတားကီရန်ထရစ်ပီယာရဲ့ ဇနီးဟောင်းဟာ ပေါင်သန်း ၂ သန်းနေအိမ်ကို ဖောက်ထွင်းသမားများ စီးနင်းဝင်ရောက်ရန် ကြိုးပမ်းလာမှုကြောင့် ရဲကို အကြောင်းကြားမှု ပြုလုပ်ခဲ့ရပါတယ်။

ဖောက်ထွင်းသမားများဟာ ကားဖြင့် သူမရဲ့ နေအိမ်လျှပ်စစ်လုံခြုံရေးဂိတ်အား ဝင်တိုက်ကာ နေအိမ်အား ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့တာပါ။

အသက် ၃၆ နှစ်ရှိ ချာလော့တီထရစ်ပီယာဟာ ခင်ပွန်းသည် နယူးကာဆယ်နောက်ခံလူထရစ်ပီယာနှင့် လမ်းခွဲထားသူ ဖြစ်ပြီး နေအိမ်ကို စီးနင်းရန် ကြိုးပမ်းလာမှုကြောင့် ရဲကို ချက်ချင်း အကြောင်းကြားမှု ပြုလုပ်ခဲ့ရပါတယ်။

ချီရှိုင်းယားရဲတပ်ဖွဲ့က ချာလော့တီရဲ့ နေအိမ်သို့ ချက်ချင်း ရောက်လာပြီး အခင်းဖြစ်ပွားရာ နေရာကို စစ်ဆေးရာ နေအိမ်အား ဝင်ရောက် စီးနင်းရန် ကြိုးပမ်းကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ဟာ ဂိတ်တွင် တပ်ဆင်ထားတဲ့ စီစီတီဗွီကိုလည်း စစ်ဆေးမှု ပြုလုပ်ခဲ့ပါသေးတယ်။

ချာလော့တီနှင့် ထရစ်ပီယာတို့ဟာ ၂၀၁၆ ခုနှစ်တွင် လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှ စတင်လမ်းခွဲခဲ့ကာ ကွာရှင်းပြတ်စဲထားပြီးလည်း ဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးတွင် ကလေးသုံးဦး မွေးဖွားထားခဲ့ပါတယ်။

ထရစ်ပီယာဟာ ဇနီးသည်နှင့် လမ်းခွဲလိုက်ပြီးနောက် ပြီးခဲ့တဲ့ မေလတုန်းက အသက် ၂၈ နှစ်အရွယ် ရွှေအိုရောင်ဆံပင်ပိုင်ရှင် ဖရန်ကီကာမီချယ်နှင့် တွဲနေတာ တွေ့ရပါတယ်။

image