ချစ်သူဟောင်းဘောလုံးသမားဟောင်းနှင့် ပြန်လည်လက်တွဲလာတယ်လို့ ယူဆရတဲ့ ဘောလုံးလောကရဲ့ အလှဆုံး Wag
======================

ဂျက်စီကာဂိုကိုချီယာဟာ ချစ်သူဟောင်း ဘောလုံးသမားဟောင်းဘာထရာနှင့် ပြန်လည် လက်တွဲလာတယ်လို့ ယုံကြည်ရပါတယ်။

အသက် ၂၈ နှစ်ရှိ မော်ဒယ် ဂိုကိုချီယာဟာ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်းတွင် ဘာစီလိုနာနောက်ခံလူဟောင်းဘာထရာနှင့် တွဲခဲ့သူ ဖြစ်ပါတယ်။

ထိုစဉ်တုန်းက ၎င်းတို့စုံတွဲဟာ ဘောလုံးလောကရဲ့ အလိုက်ဖက်ဆုံးစုံတွဲအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
ဂိုကိုချီယာဟာ ဘာထရာနှင့် လမ်းခွဲပြီးနောက် ဖော်လိုဝါ ၁.၈ သန်းထိ ပိုင်ဆိုင်တဲ့ အင်စတာဂရမ်တွင် အမိုက်စားဓာတ်ပုံများ တင်လာခဲ့ပါတယ်။

ယင်းနောက် သူဟာ စပိန်ရက်ဘီကစားသမားမာနူးမိုရီနိုနှင့် တွဲခဲ့ပေမယ့် လမ်းခွဲလိုက်ကြပြီလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ယခုအခါ သူမဟာ အင်စတာဂရမ်တွင် ဘာထရာကို ပြန်လည် ဖော်လို လုပ်လာတဲ့အပြင် နောက်ဆုံးပို့စ်ကိုလည်း Like ပေးလာတာကြောင့် ၎င်းတို့အကြား ပြန်လည်လက်တွဲလာပြီလို့ ပရိသတ်များက ယူဆလာကြပါတယ်။

အသက် ၃၄ နှစ်ရှိ ဘာထရာဟာ ဘာစီလိုနာပထမအသင်းတွင် ၆ နှစ်ကစားစဉ်အတွင်း ပွဲပေါင်းတစ်ရာကျော် ကစားခဲ့ပြီး ဒေါ့မွန်၊ ဘက်တစ်၊ ထရက်ဘ်ဇွန်စပေါ်တို့တွင် ကစားခဲ့ပါတယ်။

နောက်တန်းတွင် စွယ်စုံကစားနိုင်တဲ့ ဘာထရာဟာ စပိန်အတွက် ၁၄ ပွဲကစားခွင့်ရခဲ့ပေမယ့် ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ကစားခွင့်မရလာခဲ့ပါဘူး။

image