စားသုံးဆီသွင်းသည့်ကုမ္ပဏီများကို ဒေါ်လာ ၁ သန်းကျော် ရောင်းချ
----------------------------

စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို အောက်တိုဘာ ၁၅ ရက်က အမေရိကန်ဒေါ်လာ ၁ သန်းကျော် ရောင်းချ ပေးခဲ့တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁ သန်းကျော်ကို စားသုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေကို ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၄ ရက်ကလည်း CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိ ကန်ဒေါ်လာ ၁ သန်းခွဲကျော်ကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ရောင်းချပေးခဲ့ပါသေးတယ်။

ဗဟိုဘဏ်ရဲ့ FX Trading Platform မှာ အောက်တိုဘာ ၁၅ ရက်က နိုင်ငံခြားငွေလဲနှုန်းဟာ အမေရိကန် တစ် ဒေါ်လာကို ၃၆၃၆ ကျပ် ၊ ထိုင်း တစ်ဘတ်ကို ၁၂၅ ဒသမ ၅ ကျပ်နဲ့ တရုတ် တစ်ယွမ်ကို ၅၅၆ ကျပ် သတ်မှတ် ရောင်းဝယ်ခဲ့တယ်လို့ သိရပါတယ်။

image