2 ရက် - ဘာသာပြန်ပါ။

စကော့တလန်ဖလား အဝေးကွင်းပွဲစဉ်အတွက် ဂလက်စကိုအခြေစိုက်ကလပ်အား ခရီးစိုက် ကူညီပေးလာတဲ့ ဆာအဲလက်စ်ဖာဂူဆန်
================

ဂလက်စကိုအခြေစိုက်ကလပ်ငယ်လေးတစ်ခုဟာ ဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ရဲ့ ခရီးစရိတ်ထောက်ပံ့မှုကြောင့် အရေးပါတဲ့ စကော့တလန်ဖလားပွဲ အဝေးကွင်းပွဲစဉ်ကို အဆင်ပြေချောမွေ့စွာ သွားရောက် ကစားနိုင်တော့မှာ ဖြစ်ပါတယ်။
ဂိုဗန်တွင် အခြေစိုက်တဲ့ Benburb FC လူငယ်အသင်းဟာ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ဝစ်သို့ မိုင် ၆၀၀ ခရီးသွားကာ အဝေးကွင်းပွဲရပါမယ်။

ယူနိုက်တက်ဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ဟာ ဖခင်နှင့်အတူ Benburb FC ကို ငယ်စဉ်တုန်းက ကြည့်ရှုအားပေးလာခဲ့သူ ဖြစ်ပါတယ်။

သူဟာ Benburb FC မှာ ခရီးသွားလာရေး စရိတ်အခက်အခဲ ရှိနေကြောင်း သိရှိရပြီးနောက် ကိတ်နက်စ်တွင် ကုန်ကျလာမယ့်စရိတ်အား ထောက်ပံ့ပေးလာတာလည်း ဖြစ်ပါတယ်။

ကလပ်ရဲ့ ပူးတွဲမန်နေဂျာဂေါ်ဒွန်ရောဘတ်ဆင်က ယင်းသို့ ခရီးစရိတ်အကူအညီပေးလာတဲ့ ဆာအဲလက်စ်ဖာဂူဆန်အား အလွန်ကျေးဇူးတင်ကြောင်း ဆိုထားပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ မကြာသေးမီတုန်းက ကလပ်သို့ လာရောက်လည်ပတ်ခဲ့သူ ဖြစ်ပြီး West of Scotland Football League ရဲ့ ပထမတန်းလိဂ်မှာ ကစားနေတဲ့ အသင်းတာဝန်ရှိသူများနှင့် စကားပြောခဲ့ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ စကော့တလန်ဖလားဒုတိယအဆင့်အတွက် မိုင် ၆၀၀ ခရီးအထိ သွားရမှာ ဖြစ်တဲ့အပြင် ညအိပ်တည်းခိုရမယ့် ကလပ်ရဲ့ ပြဿနာကို သိရပြီးနောက် ခရီးစရိတ်ထောက်ပံ့ပေးလာတာလည်း ဖြစ်ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ခရီးစရိတ်ထောက်ပံ့မှုနှင့်အတူ ကလပ်ဟာ အဝေးကွင်းပွဲကစားပြီးလျှင် ချက်ချင်း ပြန်လာစရာမလိုဘဲ ညအိပ်နိုင်ပါမယ်။

Benburb ဟာ ပြီးခဲ့တဲ့လတုန်းက စကော့တလန်ဖလားပထမအဆင့်တွင် Cowdenbeath ကို အံ့ဩသင့်ဖွယ် ၂-၁ ဖြင့် အနိုင်ရကာ ဒုတိယအဆင့်သို့ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။

၎င်းတို့ဟာ ဒုတိယအဆင့်တွင် ဝစ်ခ်ကို ကျော်ဖြတ်ကာ တတိယအဆင့်သို့ တက်လှမ်းရေး ကြိုးပမ်းရပါမယ်။
တကယ်လို့များ Benburb အနေဖြင့် စတုတ္ထအဆင့်သို့အထိ တက်လှမ်းနိုင်ပါက စကော့တလန်ပရီးမီးယားလိဂ်အဆင့်မြင့်တန်းမှ ဆဲလ်တစ်၊ ရိန်းဂျား၊ ဟတ်ကဲ့သို့ ထိပ်သီးများနှင့် ရင်ဆိုင်ကစားခွင့် ရရှိမယ့်အခွင့်အရေး ရရှိလာပါမယ်။

image