ပြည်တွင်း၊ ပြည်ပ ပယောဂကြောင့် မိမိတို့နိုင်ငံ နောက်ကျကျန်နေဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော
ရန်ကုန်၊ အောက်တိုဘာ ၁၆
ပြည်တွင်း၊ ပြည်ပ ပယောဂတွေကြောင့် မိမိတို့နိုင်ငံနဲ့ အင်အား၊ လူဦးရေ၊ အကျယ်အဝန်းနဲ့ စီးပွားရေးအရ တူညီတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် နောက်ကျကျန်နေရကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့က နေပြည်တော် MICC-1 မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာပါ။
မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားမှုအတွင်း အဆိုးရွားဆုံးမှာ မိမိတို့နိုင်ငံသားတွေအနေနဲ့ အသိပညာ၊ အတက်ပညာ၊ အတန်းပညာတွေ အားနည်းနေတာကို လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ သိရှိရတယ်လို့ ဆိုပါတယ်။



