သီတင်းကျွတ်ပြီးပေးမယ့် ရန်ကုန်-ဧရာ၀တီ အဝေးပြေးယာဉ်စီးခတွေ ဈေးပြန်မကျ
အောက်တိုဘာ ၁၆
ရန်ကုန်နဲ့ ဧရာဝတီတိုင်းအတွင်းကို ပြေးဆွဲနေတဲ့အဝေး ပြေးမော်တော်ယာဉ်စီးခတွေ နိုင်ငံရေးအပြောင်းအလဲဖြစ် ပြီး နောက်ထိုးတက်ခဲ့ပြီး ပြန်မကျတဲ့အပြင်ထပ်မံတက်လာ လို့ ခရီးသွား ဒေသခံ ခရီးသွားတွေအခက်ကြုံနေရတယ်
လို့ သိရပါတယ်။
သီတင်းကျွတ် လို့ရုံးပိတ်ရက်ကာလ မတိုင်မီအချိန်တွေမှာ ယာဉ်စီးခတွေ
ထပ်မံမြင့်တက်လာတာဖြစ်ကာ သီတင်းကျွတ်ပြီး သွားပေမယ့်ဈေးတက်နေသေးတာကြောင့် ခရီးသည်တွေအဖို့အခက်အခဲဖြစ်ပေါ်နေတယ်
လို့ သိရပါတယ်။
ဟိုးအရင်က လိုင်းကားခတွေက ၂ ခုံစာကိုမှ ၃၀၀၀ ။
နိုင်ငံရေးအခြေအနေ ကောင်းတုန်းကပေါ့။အဲ့ဒီကနေ ကိုဗစ်မှာ ၁ ခုံစာ ၆၀၀၀ ဖြစ်သွားတယ်။ကိုဗစ်ကလျော့ သွားပေမယ့်ယာဉ်စီးခကတက်ကျန်နေခဲ့တာ။အဲ့ဒီကနေ အခုတော့ ၁ ခုံစာတည်းကိုအခု သုံးဆလောက်ဈေးတက် သွားပြန်တယ်။ သီတင်းကျွတ်အကြိုကာလကတည်းက ဈေးတက်သွားတယ်။အခုအထိပြန်မကျဘူး။အခု ၁ ခုံစာ ၁၅၀၀၀ ကနေ ၁၆၀၀၀ တဲ့။လို့ ခရီးသည် တယောက်ကပြောပါတယ်။
အခုလို အဝေးပြေးကားခတွေ တက်တက်လာရတဲ့ တချို့ အချက်တွေဟာ မြင့်တက်လာပြီးမတည်မငြိမ်ဖြစ်နေတဲ့ စက်သုံးဆီဈေးနှုန်းတွေနဲ့လမ်းကြေးဂိတ်ကြေးတွေမှာလည်း အရင်က ထက်ပိုမိုပေးဆောင်နေရတာကြောင့်အခု လိုယာဉ်စီးခဈေးတွေတိုးလာတယ်လို့ ယာဉ်လိုင်းတာဝန်ခံတွေက ဆိုပါတယ်။
ဒေသမတည်မငြိမ်တဲ့ ဖြစ်နေတဲ့နေရာတွေမှာစက်သုံးဆီကို အကန့်အသတ်နဲ့ဝယ်ယူနေရတဲ့အခြေအနေကြောင့် ဒေသအပေါ်မူတည် ကောက်ယူရတဲ့ စနစ်လုပ်နေရတယ်လို့လည်း ပြောပါတယ်။
ခုက ဆီဈေးကသိတဲ့အတိုင်း၊ ၃၀၀၀ နဲ့အထက်မှာ ရောက်နေတယ်။ဒါတောင်လိုသလောက်ဝယ်လို့မရတဲ့ နေရာတွေရှိတယ်။လမ်းတွေမှာလည်း ဝင်တဲ့မြို့တိုင်းမှာ အရင်လို မြို့ဝင်ကြေး၊လမ်းကြေးနဲ့တင်မပြီးဘူး။ဂိတ် ကြေးတွေပါတိုးလာတာ။ကိုက်အောင်မနဲဆွဲနေရတာ။ ယာဉ်ချိန်တွေတောင်အရင်ထက်လျှော့ပြီးဆွဲနေရတာ။ ဒါက ဧရာဝတီတိုင်းမှာဘဲ မဟုတ်ပါဘူး အထက်ပိုင်းဆွဲတဲ့ အဝေးပြေး ကားတွေအကုန်လုံးလည်း ကားခတွေတိုး တောင်းနေကြတယ်။အခက်အခဲကပြောမကုန်ဘူး။လို့ ဧရာဝတီတိုင် ၊အဝေးပြေးယာဉ်လိုင်းများပြေးဆွဲရေး လုပ်ငန်းရှင် တယောက်ကပြောပါတယ်။
အခုလို ကားခဈေးတွေထိုးတက်နေတာဟာ အရင်လို ရန်ကုန် - ဧရာဝတီတိုင်း ညဆိုင်းယာဉ်လိုင်းဆွဲမရဘဲ အချိန်အကန့် အသတ်နဲ့ဆွဲနေရတာ၊ ပါဆယ်ပစ္စည်းတွေ တင်ဆောင်သယ်ယူခွင့်မရတာ ၊ ခရီးသည်ရရှိမှုလျော့ကျ လာတာတွေကြောင့်လည်းပါတယ်လို့ သိရပါတယ်။
ကားပေါ်ကိုအရင်လိုကုန်ပစ္စည်း တွေလည်းအတင်မခံ တော့ဘူး။အတင်မခံဘူးတောင်းပန်ပြောမရဘူး။ သူတို့ ကားသမားတွေဘက်မှာလည်း အခက်အခဲရှိတယ်ပေါ့ ပြန်ပြောတယ်။ တံဆာခပိုပေးပါ့မယ်ဆိုလည်းမရတော့ဘူး။သက်ဆိုင်ရာကလုံခြုံရေးကြောင့် ကိစ္စတင်းကျပ်ထား လို့တဲ့။ဘာလို့သီတင်းကျွတ်လို၊ သင်္ကြန်လို့အချိန်တွေမှာ လည်း ရုတ်တရက်ကားခဈေးတက်တာလည်း မေးတော့ စက်သုံးဆီဈးတက်လို့ပဲပြောတယ်။လို့ နောက်ထပ် ခရီးသွားတ တယောက်ကပြောပါတယ်။
နိုင်ငံရေးအပြောင်းအလဲစတင်လို့ ဖြစ်ပေါ်ခဲ့တဲ့ ၂၀၂၁ခုနှစ် နောက်ပိုင်းကစလို့ ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံ အနှံ့စက်သုံးဆီ အရောင်းဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ် မှုတွေဖြစ်ပေါ်ခဲ့ပြီး အကန့်အသတ်နဲ့သာဝယ်ယူ ရောင်းချ နေရတဲ့အထိဖြစ်ခဲ့တဲ့အပြင် စက်သုံးဆီဈေးနှုန်းတွေဟာ အဆမတန်မြင့်တက်တဲ့အထိဖြစ်ခဲ့ပြီး ယာဉ်စီးခတွေ လည်းလိုက်ပါမြှင့်တက်ခဲ့တာလို့ သိရပါတယ်။
