ကိုယ့်ကို နာကျင်စေသူကိုတောင်
နှစ် လ တွေကြာတဲ့ထိ မြတ်နိုးနိုင်သေးတာပဲ

ကိုယ့်ဆီကို ပျော်ရွှင်ခြင်းတွေ ယူလာပေးတဲ့သူကိုရော
ဘာကြောင့် မဆုပ်ကိုင်နိုင်ရမှာလဲ

ဘဝမှာ အမြဲတမ်း ပိုချစ်ရတဲ့သူက
ကိုယ်ပဲဖြစ်ခဲ့ရတယ် မဟုတ်လား
တစ်သက်မှာ တစ်ခါတော့
ပိုချစ်ခံရတဲ့သူက ကိုယ်လဲ ဖြစ်ရဦးမှာပေါ့

ကိုယ့်အတွက် ဖြစ်တည်တဲ့သူမဟုတ်ရင် ပျံသန်းခွင့်ပေးပြီး
ကိုယ့်အတွက် ဖြစ်တည်တဲ့သူရဲ့ အရိပ်မှာခိုပါ

အမြဲမပျော်ရရင်တောင်
တစ်ချက်မှတော့ ငိုစေမယ်မထင်ဘူး
အချစ်ခံရတာကိုး ။

image