ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားဆု Golden Boy Award ဆန်ကာတင်စာရင်းကို ပရီးမီးယားလိဂ်လူငယ်ပါရမီရှင်များ လွှမ်းမိုးထား
=======================

ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားဆု Golden Boy Award အတွက် ဆန်ကာတင်စာရင်း ထုတ်ပြန်လာရာ ပရီးမီးယားလိဂ်လူငယ်ပါရမီရှင်များက လွှမ်းမိုးထားတာ တွေ့ရပါတယ်။

Golden Boy ဆုအတွက် ဆန်ကာတင်ကစားသမား ၂၅ ဦးစာရင်းကို ကြေညာလာတာ ဖြစ်ပြီး အာဆင်နယ်နှင့် အင်္ဂလန်ဘယ်နောက်ခံလူမိုင်လက်စ်လီဝစ်စကယ်လီနှင့် စပါးစ်နောက်ခံလူအာချီဂရေးတို့အပါအဝင် ပရီးမီးယားလိဂ်မှ ပါရမီရှင် ၉ ဦးအထိ ရွေးချယ်ခံထားရပါတယ်။

ချဲလ်ဆီးအသင်းမှ ၂ ဦးပါဝင်သလို ဒေါ့မွန်မှ အင်္ဂလန်လူငယ်ပါရမီရှင်ဂျော့ဘ်ဘယ်လင်ဂမ်လည်း ဆန်ကာတင်စာရင်းမှာ ပါဝင်ပါတယ်။ ဂျော့ဘ်ဘယ်လင်ဂမ်ရဲ့ အစ်ကို ဂျူ့ဘယ်လင်ဂမ်မှာ ဒီဆုကို ၂၀၂၃ ခုနှစ်တုန်းက ဆွတ်ခူးခဲ့ဖူးပါတယ်။
ဒါ့အပြင် ဒီဆုကို ဆွတ်ခူးရန် ရေပန်းအစားဆုံးဖြစ်တဲ့ ပီအက်စ်ဂျီပါရမီရှင်ဒီဇိုင်းယားက ထိပ်ဆုံးမှ ပါဝင်ပါတယ်။

ယမန်နှစ်တုန်းက ဒီဆုကို ဆွတ်ခူးခဲ့တဲ့ လာမိန်းယာမဲလ်မှာ ၂ ကြိမ်ဆက် ဆွတ်ခူးခွင့် မရှိမှုနှင့်အတူ ဆန်ကာတင်စာရင်းမှာ ပါဝင်လာခြင်း မရှိပါဘူး။

ဒီဆုအတွက် တူရင်အခြေစိုက် အီတလီသတင်းစာ TuttoSport က ချီးမြှင့်တာ ဖြစ်ပြီး အင်္ဂလန်မှ ဝိန်းရွန်းနီ၊ ရာဟမ်းစတာလင်း၊ ဂျူ့ဘယ်လင်ဂမ်တို့ ဆွတ်ခူးခဲ့ဖူးပါတယ်။

ဒါ့အပြင် ဒီဆုကို ဆက်စ်ဖာဘရီဂက်စ်၊ လီယွန်နယ်မက်ဆီ၊ ဆာဂျီယိုအဂွဲရိုး၊ ပေါလ်ပေါ့ဘာ၊ ကိုင်လီယန်ဘက်ပေး၊ အာလင်းဟာလန်းတိ့လည်း ဆွတ်ခူးခဲ့ကြဖူးပါတယ်။

အင်္ဂါနေ့တုန်းက လတ်ဗီးယားနှင့်ပွဲတွင် အင်္ဂလန်အတွက် ၆ ပွဲမြောက်ကစားခွင့်ရခဲ့တဲ့ လီဝစ်စကယ်လီနှင့်အတူ အာဆင်နယ်ကစားဖော်အီသန်နဝမ်နရီလည်း ဆန်ကာတင်စာရင်းတွင် ပါဝင်နေပါတယ်။

စပါးစ်မှလည်း အာချီဂရေးအပြင် လူးကပ်စ်ဘတ်ဗေးလ်လည်း ပါဝင်နေသလို ချဲလ်ဆီးမှ တောင်ပံကစားသမားအက်စ်တီဗာအိုဝီလီယံ၊ နောက်ခံလူဂျိုရယ်ဟာတိုပါဝင်နေပါတယ်။

မန်စီးတီးမှ နီကိုအိုရိုင်လီ၊ ယူနိုက်တက်မှ လီနီယိုရိုနှင့် လီဗာပူးမှ နောက်ခံလူဂျီယိုဗန်နီလီယွန်နီတို့လည်း ပါဝင်နေပါတယ်။
ချဲလ်ဆီးမှ စထရာဘော့သို့ အငှားဖြင့် သွားကစားနေတဲ့ နောက်ခံလူမာမာဒူဆား၊ ပေါ်တိုမှ ဂျီယိုဗန်နီကွင်ဒါလည်း ပါဝင်ပါတယ်။ ကွင်ဒါမှာ လာမယ့်နှစ် နွေရာသီတွင် ချဲလ်ဆီးသို့ ပြောင်းရန် သဘောတူညီမှု ရထားသူ ဖြစ်ပါတယ်။

ဒါ့အပြင် ယခုဆုအတွက် ထိပ်ဆုံးမှ ရေပန်းစားနေသူများထဲတွင် ပါဝင်တဲ့

image