iPhone 17 Pro Max လိမ္မော်ရောင်မှ ပန်းရောင်သို့ ပြောင်းလဲမှုဖြစ်ပွါး
ဖြစ်မှာပေါ့
ပန်းသီးပါဆို ပန်းရောင်မထုတ်ပဲ
လိမ္မော်ရောင်သွားထုတ်တာကိုး
ဖြစ်ပုံက တော့ ဖုန်းကို စသုံးပြီး တစ်ပတ် နှစ်ပတ် အကြာမှာ အခုလို အရောင်ဖျော့လာတာ သို့ အရောင်ပြောင်းလာတာ လို့ဆိုပါတယ်
ဖြစ်နိုင်ခြေရှိတာက Oxidation ဓာတ်ပြုမှု ကြောင့်လို့ဆိုနေကြပါတယ်
oxidation ကြောင့် အယ်လူမီနီယမ်အပေါ်မျက်နှာပြင်မှာ အရောင်ပြောင်းသွားတတ်ပါတယ်
ဒီလို ပြောင်းတဲ့ အကြောင်းအရင်းကတော့ oxide layer ထဲက dye (အရောင်ဖျော်ပစ္စည်း) က ပျက်သွားတာကြောင့်ပါ
Apple ကဘက်ကတော့ ဘာမှ တိတိကျကျ တုန့်ပြန်ထားခြင်းမရှိသေးပါဘူး
ဘာပဲပြောပြော iPhone 17 Pro တွေက ကာလာပြောင်းနိုင်တဲ့ ပထမဆုံး iPhone တွေဖြစ်သွားပါပြီ realme တို့ vivo တို့ဆို ဒီလိုကာလာပြောင်းတဲ့ဖုန်းထုတ်ဖို့ တော်တော်လေး ကြိုးစားခဲ့ရတာပါ 😂
စိတ်တော့ အရမ်းလည်း မပူကြပါနဲ့ Batch တစ်ခုစာပဲ Defect ဖြစ်တာလား အကုန် ဖြစ်တာလားဆိုတာလည်း မသိရသေးပါဘူး
စိတ်ချချင်ရင်တော့ ကာဗာလေးတပ်ကိုင်ပေါ့
