NCA ၁၀ နှစ်ပြည့် ဒုတိယနေ့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၁၆
NCA ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအပြီး ဒုတိယနေ့ အောက်တိုဘာ ၁၆ ရက်နေ့မနက်ပိုင်းမှာ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များနှင့် ယုံကြည်မှုတည်ဆောက်ခြင်း၊တတိယအုပ်စုမှ ကြားဝင်စေ့စပ်ပေးခြင်းနှင့် အကျိုးဆောင်ခြင်း ခေါင်းစဥ်နဲ့အတူ နေပြည်တော်က MICC I မြန်မာအပြည်ပြည်ဆိုင် ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) မှာ ဆက်လက်ကျင်းပနေပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲမှာ Moderator အဖြစ် ဦးအောင်နိုင်ဦး၊ Speakers တွေအနေနဲ့ကတော့ မလေးရှားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးဟောင်း H.E.Mr. Damrong Kraikruan ၊ မလေးရှားနိုင်ငံ Bait Al Amanah သုတေသနအင်စတီကျုမှ အကြီးတန်းသုတေသီ Mr. Karisma Putera Abd Rahman ၊ အိန္ဒိယနိုင်ငံ Indian Council of World Affairs(ICWA) မှ Dr. Samatha Maltempati တို့က ဆွေးနွေးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ တက်ရောက်လာသူတွေက ဆွေးနွေးမေးမြန်းသွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည် ဆောက်ခြင်း ခေါင်းစဥ်နဲ့ အလုပ်ရုံဆွေးနွေးပွဲကို အောက် တိုဘာ ၁၇ ရက်နေ့အထိ ပြည်တွင်းပြည်ပက ဖိတ် ကြားထားသူတွေ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။


