4 hrs - Translate

ဒီတစ်ခေါက်တော့ မရီဒူမီလီဆိုတဲ့တောင်ပေါ်ရွာလေးအကြောင်းကို
ရိုက်ပြထားတဲ့ဇာတ်ကားလေးပေါ့။

ရွာလေးက တောင်ပေါ်ဒေသဆိုတော့လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်း ကျောင်းမရှိ ဆေးရုံမရှိပေါ့။

တစ်ခုခုဖြစ်လာရင် တောင်အောက်ကို ဆင်းနေရတာနဲ့ပဲ လူတွေမသေသင့်ပဲသေရပါတယ်။

သူတိုရွာက လမ်းကိုကောင်းကောင်းလေးဖောက်ပေးဖို တောင်းဆိုလာတာလည်းအနှစ်၃၀လောက်ရှိနေပါပြီ။

ဘယ်အရာရှိတွေ ဘယ်အစိုးရတွေကမှအရေးမလုပ်ခဲ့ပါဘူး။အဲ့လိုနဲ့ရွာသားတွေဟာ အစိုးရအရာရှိတွေဆိုရင် မုန်းတီးနေခဲ့ပါတယ်။

တစ်နေ့မှာနိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပဖို လုံးပန်းကျခဲ့အခါ မဲကလည်း တစ်ရာရာခိုင်နှုန်းရမှ ဖြစ်မယ်ဆိုပြီးအဲ့တောင်ပေါ်ရွာသားတွေဆီကို
ကျောင်းဆရာနှစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်။

အဲ့အချိန်မှာteluguဆရာလေးဟာ ရွာသားတွေကို မဲပေးဖိုစည်းရုံးရင်းကနေ ရွာသားတွေရဲ့ဘဝကို
နားလည်လာခဲ့တယ် စာနာလာခဲ့တယ်

အဲ့တော့ ဆရာလေးက ရွာသားတွေနဲ့အတူ အကြံထုတ်ပြီးအစိုးရက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် တံတားတည်ဆောက်ခွင့်ပေးလာအောင်အမျိုးမျိူးကြံစည်ခဲ့ပါတယ်။

‌တောင်ပေါ်ရွာသားတွေနဲ့ ဆရာလေးကပဲ သူတိူအလိုရှိတာကိုရသွားမလား။အင်အားကြီးမားတဲ့ အစိုးရကပဲ အရေးမလုပ်ပဲနေနိုင်မလားဆိုတာကို
စိတ်ဝင်တစားကြည့်ရှုသွားရမှာပါ

နိုင်ငံရေးနည်းနည်းဆန်ပေမဲ့ဆရာလေးနဲ့တောင်ပေါ်ရွာသူလေးရဲ့lovelineလေးကိုလည်းထည့်ပေးထားတယ်။

‌နောက်ဆရာတစ်ယောက်ရဲ့ funny character လေးကိုလည်း ထည့်ပေးထားတော့ကြည့်ရတာအရမ်းအဆင်ပြေပါတယ်။

ဇာတ်အိမ်ခိုင်ခိုင်နဲ့ အစိုးရနဲ့
နိုင်ငံရေးသမားတွေရဲ့တစ်ကိုယ်ကောင်းဆန်မှုကို မြင်သာထင်သာအောင် ရိုက်ပြသွားတဲ့အတွက်လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ။

image